×

ထိုကဲ့သို့ပင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (တမန်တော်) ယာကူဗ်အပေါ်တွင် ယခင်က သင်၏ဘိုးဘေးများဖြစ်သော (တမန်တော်) အီဗ်ရာဟိမ်းနှင့် အိစ္စဟာ့က်တို့အပေါ်တွင် (အရှင့်ကျေးဇူးတော်၊ 12:6 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:6) ayat 6 in Burmese

12:6 Surah Yusuf ayat 6 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 6 - يُوسُف - Page - Juz 12

﴿وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ ﴾
[يُوسُف: 6]

ထိုကဲ့သို့ပင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (တမန်တော်) ယာကူဗ်အပေါ်တွင် ယခင်က သင်၏ဘိုးဘေးများဖြစ်သော (တမန်တော်) အီဗ်ရာဟိမ်းနှင့် အိစ္စဟာ့က်တို့အပေါ်တွင် (အရှင့်ကျေးဇူးတော်၊ ဂုဏ်သိက္ခာ၊ အခွင့်အရေးများနှင့်တမန်တော်ရာထူးများကို ပေးအပ်ချီးမြှင့်တော်မူ၍) ပြည့်စုံစေတော်မူသကဲ့သို့ သင်ကိုလည်း (အိပ်မက်အပါအဝင် အဖြစ်အပျက်များနှင့် အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်) ပြောဆိုတင်ပြချက်များ၏ အနက်အဓိပ္ပါယ်ဖွင့် ဆိုမှုပညာကို သင်ပေးတော်မူပြီး အသင့်အပေါ်တွင် အခွင့်အရေးများပေးခြင်းဖြင့် ပြည့်စုံစေတော်မူရန် ရွေးချယ်တော်မူ၏။ ဧကန်ပင်၊ အသင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသည့်အပြင် အဖြစ်အပျက် အကြောင်းအရာအလုံးစုံ၏ အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အဖြစ်အပျက်အားလုံးနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။)

❮ Previous Next ❯

ترجمة: وكذلك يجتبيك ربك ويعلمك من تأويل الأحاديث ويتم نعمته عليك وعلى آل, باللغة البورمية

﴿وكذلك يجتبيك ربك ويعلمك من تأويل الأحاديث ويتم نعمته عليك وعلى آل﴾ [يُوسُف: 6]

Ba Sein
၆။ ဤသို့ သင်၏ အရှင်သခင်သည် သင့်ကို ချစ်မြတ်နိုးတော်မူ၏။ သင့်အား အဖြစ်အပျက်အတိတ်နိမိတ်များကို အဓိပ္ပါယ်ကောက်ခြင်းအတတ်ကို သွန်သင်ပြသတော်မူမည်။ အရှင်မြတ်သည် သင်၏ ဘိုးဘွားအေဗရာဟမ်နှင့် အစ္စဟတ်(က်)တို့အပေါ်၌ ကောင်းကြီးမင်္ဂလာတော်ကို စုံလင်စေတော်မူသည့်အတိုင်း သင်နှင့်တကွ ယာကွတ်(ဘ်) ၏ သားမြေးများအပေါ်၌ ကောင်းကြီးမင်္ဂလာတော်ကို ပြည့်စုံစေတော်မူလတ့ံ။ မှတ်သားလော့။ သင်၏ အရှင် သခင်သည် သိတော်မူသောဉာာဏ်ပညာရှိတော်မူသောသဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိကျေးဇူးတော်ကို ယခင် အသင်၏ဘိုးတော်၊ ဘေးတော်များဖြစ်သော (နဗီတမန်တော်)အစ်ဗ်ရာဟီမ်အားလည်းကောင်း၊ (နဗီတမန်တော်)အစ္စဟာက်အားလည်းကောင်း၊ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူဘိ သကဲ့သို့ပင်အသင့်အားလည်းကောင်း၊ ယအ်ကူဗ်၏ သားသမီးများအားလည်းကောင်း၊ ထိုကျေးဇူးတော်ကို အပြည့်အစုံချီးမြှင့်ပေး သနားတော်မူအံ့။ ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
၎င်း‌နောက် ထိုသို့ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က အသင့်အား (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင့်အား စကားများ၏အနက်အဓိပ္ပာယ် (အိပ်မက်၏အနက်သ‌ဘော‌ကောက်‌သောပညာရပ်)ကို* သင်ကြားပို့ချ‌ပေး‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အရှင်၏‌ကျေးဇူး‌တော်ကို ယခင်က အသင်၏ဘိုး၊ ‌ဘေးဖြစ်‌သော(တမန်‌တော်)အိဗ်ရာဟီမ်*နှင့် (တမန်‌တော်)အစ္စဟာက်အား ပြည့်ဝစွာ ‌ပေးသနား‌တော်မူသကဲ့သို့ အသင်နှင့် (တမန်‌တော်)ယအ်ကူဗ်၏သားသမီးများအားလည်း* ထို‌ကျေးဇူး‌တော်ကို ပြည့်ဝစွာ ‌ပေးသနား‌တော်မူလိမ့်မည်။* အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek