﴿لَهُۥ دَعۡوَةُ ٱلۡحَقِّۚ وَٱلَّذِينَ يَدۡعُونَ مِن دُونِهِۦ لَا يَسۡتَجِيبُونَ لَهُم بِشَيۡءٍ إِلَّا كَبَٰسِطِ كَفَّيۡهِ إِلَى ٱلۡمَآءِ لِيَبۡلُغَ فَاهُ وَمَا هُوَ بِبَٰلِغِهِۦۚ وَمَا دُعَآءُ ٱلۡكَٰفِرِينَ إِلَّا فِي ضَلَٰلٖ ﴾
[الرَّعد: 14]
လူသားအား ထိုအမှန်တရားသစ္စာ ဘက်သို့ ဖိတ်ခေါ်၍ ယင်း၏စည်းမျဉ်းဘောင်အတွင်းမှ အရှင်မြတ်ကို ဟစ်ခေါ်တသလျှက် ဆုတောင်းခြင်းသည် ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့အတွက် လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်ဖြစ်၏။ သူ့ပါးစပ်ထဲသို့ရေရောက်ရှိရန် သူ၏လက်နှစ်ဖက်ကို ရေရှိရာဘက်သို့ ဆန့်ထားသော် ထိုရေသည် မည်သည့်အခါမျှ ရောက်မလာခြင်းမှအပ အခြားမည်သည့်အကျိုးခံစားခွင့်ကိုမျှ မရရှိသောသူကဲ့သို့ပင် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များဘက်သို့ ဖိတ်ခေါ်၍ ယင်းတို့ထံ ဟစ်ခေါ်တသ ဆုတောင်းကြသူ တို့သည်လည်း သူတို့အတွက် မည်သည့် တုံ့ပြန်မှုတစ်စုံတစ်ရာကိုမျှ ဖိတ်ခေါ် ဆုပန်ခြင်း၏အကျိုးဆက်အဖြစ် အလျှင်း ဖြေကြားဖြည့်ဆည်းတော်မူမည် မဟုတ်ပေ။ ထိုသို့အမှန်တရားသစ္စာမဟုတ်သော အရာများဘက်သို့ လူတို့အားဖိတ်ခေါ်၍ ထိုအရာများမှ တည်တံ့မြဲ့မြံသော အကျိုးအမြတ်ကို မျှော်ကိုးနေကြသော မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏ဖိတ်ခေါ် ဆုတောင်းပန်ကြားမှုများသည် လမ်းမှား၌ (တမလွန်ဘဝတွင် အသုံးဝင်မည် မဟုတ်သော အရာများအ တွက် ရုန်းကန်လှုပ်ရှားနေခြင်း) သာ ဖြစ်၏။
ترجمة: له دعوة الحق والذين يدعون من دونه لا يستجيبون لهم بشيء إلا, باللغة البورمية
﴿له دعوة الحق والذين يدعون من دونه لا يستجيبون لهم بشيء إلا﴾ [الرَّعد: 14]