﴿وَيُسَبِّحُ ٱلرَّعۡدُ بِحَمۡدِهِۦ وَٱلۡمَلَٰٓئِكَةُ مِنۡ خِيفَتِهِۦ وَيُرۡسِلُ ٱلصَّوَٰعِقَ فَيُصِيبُ بِهَا مَن يَشَآءُ وَهُمۡ يُجَٰدِلُونَ فِي ٱللَّهِ وَهُوَ شَدِيدُ ٱلۡمِحَالِ ﴾
[الرَّعد: 13]
အရှင့်နိယာမတော်အရ ဖြစ်ပေါ်လာသော (ခပ်အုပ်အုပ်မြည်ဟည်းသည့်) တော်လည်းမိုးခြိမ်းသံသည် ထိုအရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ နာခံလိုက်နာလျှက် အရှင်မြတ်၏နိယာမတော်မှလွဲ၍ အခြားမည် သူ တစ်ဦးတစ်ယောက်မျှ ထိုတော်လည်းမိုးခြိမ်းသံကို အလျှင်း မဖြစ်စေနိုင်ကြောင်း အရှင့်နိယာမတော်၌ မည်သည့် ချွတ်ယွင်းချက်မျှ မရှိဘဲ သန့်ရှင်းစင်ကြယ်ကြောင်းကို ထောက်ပြ၍ အရှင်မြတ်၏ဂုဏ်တော်များကို ကြွေးကြော် ခြင်းဖြင့် ဂုဏ်တင်၏။ အလားတူ မလာအီကာစေတမန်များကလည်း အရှင့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာရန် တာစူလျှက် ထိုအရှင်မြတ်ကို စို့ရွံ့ထိတ်လန့်နေကြ၏။ ထို့တော်လည်းမိုးခြိမ်းသံကို တာဝန်ယူဆောင်ရွက်သော စေတမန်များသည် စေလွှတ်တော်မူခြင်းခံရသောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိ တော်မူသောသူ၏အပေါ်ဝယ် ယင်းဖြင့် ထိမှန်စေ၏။ ထိုဖြစ်စဉ်များကို မျက်ဝါးထင်ထင်တွေ့မြင်ပါလျက် အရှင်မြတ်အား မယုံကြည်ကြသော သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ခေါင်းမာစွာဖြင့် ငြင်းခုံလျက် ရှိနေ ကြသော်လည်း ထိုအရှင်မြတ်သည် လက်တုံ့ပြန်မှုနှင့်အရေးယူမှုတွင် ပြင်းထန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ترجمة: ويسبح الرعد بحمده والملائكة من خيفته ويرسل الصواعق فيصيب بها من يشاء, باللغة البورمية
﴿ويسبح الرعد بحمده والملائكة من خيفته ويرسل الصواعق فيصيب بها من يشاء﴾ [الرَّعد: 13]