Quran with Burmese translation - Surah Ar-Ra‘d ayat 15 - الرَّعد - Page - Juz 13
﴿وَلِلَّهِۤ يَسۡجُدُۤ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعٗا وَكَرۡهٗا وَظِلَٰلُهُم بِٱلۡغُدُوِّ وَٱلۡأٓصَالِ۩ ﴾
[الرَّعد: 15]
﴿ولله يسجد من في السموات والأرض طوعا وكرها وظلالهم بالغدو والآصال﴾ [الرَّعد: 15]
Ba Sein ၁၅။ သူတို့၏ အရိပ်များသည် နံနက်နှင့်ညနေပိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို ဦးညွှတ်သကဲ့သို့ မိုဃ်းကောင်းကင်နှင့် ကမ္ဘာမြေပြင်ပေါ်ဝယ်ရှိရှိသမျှတို့သည် စိတ်စေတနာရှိသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ဦးဝပ်တွား ရှိခိုးကြ၏။ |
Ghazi Mohammad Hashim ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။ |
Hashim Tin Myint ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီ၌ရှိသမျှသူများသည် စေတနာပါလျက်ဖြစ်စေ၊ စေတနာမပါဘဲလျက်ဖြစ်စေ၊ အရှင်မြတ်ကိုပင် ဦးချကြသည်။ ထို့ပြင် သူတို့၏အရိပ်များသည်လည်း နံနက်နှင့်ညနေများတွင် (ထိုသို့ပင် ဦးချကြသည်)။ |