Quran with Burmese translation - Surah Ar-Ra‘d ayat 38 - الرَّعد - Page - Juz 13
﴿وَلَقَدۡ أَرۡسَلۡنَا رُسُلٗا مِّن قَبۡلِكَ وَجَعَلۡنَا لَهُمۡ أَزۡوَٰجٗا وَذُرِّيَّةٗۚ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ لِكُلِّ أَجَلٖ كِتَابٞ ﴾
[الرَّعد: 38]
﴿ولقد أرسلنا رسلا من قبلك وجعلنا لهم أزواجا وذرية وما كان لرسول﴾ [الرَّعد: 38]
Ba Sein ၃၈။ အကယ်စင်စစ်မှာ ငါအရှင်မြတ်သည် သင့်အလျင် တမန်တော်များကို လူသားတို့ထံသို့ စေလွှတ်တော်မူ၏။ ထိုတမန်တော်တို့အား ဇနီးမိန်းမများ၊ သားသမီးများကို ပေးသနားတော်မူ၏။ မည်သည့်တမန်တော်မှ အလ္လာဟ် အရှင်မြတ်၏ အခွင့်တော်မရှိပဲ အ့ံဖွယ်သရဲကို မဆောင်နိုင်ချေ။ အရာဝထ္ထုတိုင်းအဖို့ သတ်မှတ်ထားသောအချိန် ရှိ၏။ |
Ghazi Mohammad Hashim ၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည်အသင်၏အလျင် ရစူလ်တမန်တော်များကို စေလွှတ် တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအဖို့ ဇနီးကြင်ရာများကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း စီမံပြုလုပ်၍ ပေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါး၌မျှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲလျက် အာယတ်တော် (သက်သေလက္ခဏာ) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိချေ။ ခေတ်ကာလ အပိုင်းအခြားတိုင်းအဖို့ ကျမ်းဂန်တစ်စောင်သည် ရှိချေသတည်း။ (ခေတ်တိုင်းအဖို့ သီးသန့်အမိန့်တော်များရှိသည်)။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်တော်များအား စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုတမန်တော်များအတွက် ဇနီးကြင်ရာများနှင့် သားသမီးများကို ပြုလုပ်ဖန်တီးပေးတော်မူခဲ့သည်။* ထို့ပြင် မည်သည့်တမန်တော်မှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အာယသ်တော်(သက်သေလက္ခဏာတန်ခိုးတော်) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိပေ။* ခေတ်ကာလတိုင်းအတွက် ကျမ်းတစ်ကျမ်းရှိသည်။ |