×

အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာများဖြစ်သော ဖြစ်စဉ်ဖြစ်ရပ်များ အကြောင်းအရာများနှင့် နည်းစနစ်ဥပဒေကျင့်စဥ်များစသည်တို့ကို မှေးမှိန်ပျောက်ကွယ်စေတော်မူပြီး အရှင်မြတ်အလိုရှိတော်မူသောအရာများကို ခိုင်မြဲတည်တံ့စေတော်မူ၏။ ထိုအရှင်မြတ်ထံတော်၌ ကျမ်းအားလုံး၏ရင်းမြစ်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်သည် 13:39 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:39) ayat 39 in Burmese

13:39 Surah Ar-Ra‘d ayat 39 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 39 - الرَّعد - Page - Juz 13

﴿يَمۡحُواْ ٱللَّهُ مَا يَشَآءُ وَيُثۡبِتُۖ وَعِندَهُۥٓ أُمُّ ٱلۡكِتَٰبِ ﴾
[الرَّعد: 39]

အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာများဖြစ်သော ဖြစ်စဉ်ဖြစ်ရပ်များ အကြောင်းအရာများနှင့် နည်းစနစ်ဥပဒေကျင့်စဥ်များစသည်တို့ကို မှေးမှိန်ပျောက်ကွယ်စေတော်မူပြီး အရှင်မြတ်အလိုရှိတော်မူသောအရာများကို ခိုင်မြဲတည်တံ့စေတော်မူ၏။ ထိုအရှင်မြတ်ထံတော်၌ ကျမ်းအားလုံး၏ရင်းမြစ်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်သည် မိခင်ကျမ်းအဖြစ် ရှိနေ၏။

❮ Previous Next ❯

ترجمة: يمحوا الله ما يشاء ويثبت وعنده أم الكتاب, باللغة البورمية

﴿يمحوا الله ما يشاء ويثبت وعنده أم الكتاب﴾ [الرَّعد: 39]

Ba Sein
၃၉။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိရာကို ဖျက်သိမ်းတော်မူ၏။ အလိုတော်ရှိရာကို အတည်ပြုတော်မူ၏။ ပညတ်အမိန့်တော်အပေါင်းတို့၏ စတည်ရာသည် အရှင်မြတ်နှင့်ရှိ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျောက်ဖျက်တော်မူလေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်တန့်စေတော်မူလေသည်။ စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်အထံတော်၌သာလျှင် ရှိပေသတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖျက်သိမ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်အလိုရှိ‌သောအရာကို တည်တံ့‌စေ‌တော်မူသည်။ ၎င်း‌နောက် မှတ်တမ်းစာအုပ်(‌လောင်ဟိမဟ်ဖူးဇွ်)သည် အရှင်မြတ်ထံ‌တော်၌ပင် ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek