Quran with Burmese translation - Surah Ar-Ra‘d ayat 37 - الرَّعد - Page - Juz 13
﴿وَكَذَٰلِكَ أَنزَلۡنَٰهُ حُكۡمًا عَرَبِيّٗاۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ مَا جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيّٖ وَلَا وَاقٖ ﴾
[الرَّعد: 37]
﴿وكذلك أنـزلناه حكما عربيا ولئن اتبعت أهواءهم بعد ما جاءك من العلم﴾ [الرَّعد: 37]
Ba Sein ၃၇။ ယင်းကဲ့သို့ငါအရှင်မြတ်သည် အပြီးသတ်ဖြစ်သည့်အာရဗီဘာသာကျမ်းတော်ဖြစ်သောကုရ်အာန်ကျမ်းတော်ကို ပြဋ္ဌာန်းပေးတော်မူပြီး တမန်တော်၊ သင်သည် သစ္စာတရားတော်ကို ရရှိပြီးနောက်၊ မိစ္ဆာဒိဋ္ဌိတို့၏ အလိုဆန္ဒ နောက်သို့၊ အကယ်၍လိုက်လျှင် သင့်၌ အလ္လာဟ်အရှင်မြတ်မှ ကာကွယ်မည့်အဆွေခင်ပွန်း၊ သို့မဟုတ် ခုခံ သူမရှိချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ဒေသနာတော်ကို ထင်ရှားပြတ်သားသော(တစ်နည်း)အရဗီဘာသာဖြင့်အမိန့်တော်(စီရင်ဆုံးဖြတ်ချက်) တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ရာတွင်မူကား အကယ်၍ အသင်သည် မိမိထံသို့ (မှန်ကန်တိကျသော) အသိပညာရောက်ရှိလာခဲ့ပြီးနောက် ၎င်းတို့၏ အလိုဆန္ဒများကို လိုက်နာခဲ့ပါမူ အသင့်အား အလ္လာဟ်အရှင်မြတ်နှင့်ပြိုင်ဆိုင်၍ ကူညီစောင်မမည့် အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်မည့်သူဟူ၍လည်းကောင်း၊တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ထိုကျမ်းတော်ကို ထင်ရှားပြတ်သားသော အရဗီဘာသာဖြင့် အမိန့်တော်တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်သည် အသင်၏ထံသို့ အသိပညာရောက်ရှိလာခဲ့ပြီးနောက်မှ သူတို့၏အလိုဆန္ဒများကို လိုက်ခဲ့လျှင် အသင့်အား အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး ကူညီမည့်မိတ်ဆွေနှင့် ကာကွယ်စောင့်ရှောက်မည့်သူ မည်သူမှ ရှိမည်မဟုတ်ပေ။ |