Quran with Burmese translation - Surah An-Nahl ayat 104 - النَّحل - Page - Juz 14
﴿إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِ لَا يَهۡدِيهِمُ ٱللَّهُ وَلَهُمۡ عَذَابٌ أَلِيمٌ ﴾
[النَّحل: 104]
﴿إن الذين لا يؤمنون بآيات الله لا يهديهم الله ولهم عذاب أليم﴾ [النَّحل: 104]
Ba Sein ၁ဝ၄။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည်သူတို့အား အရှင်မြတ်သည် လမ်းပြတော်မမူချေ။ သူတို့၏ အပြစ်ဒဏ်မှာ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်း၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မယုံကြည်ကြပေ။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပြတော်မူမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်(လည်း) ရှိချေအံ့ သတည်း။ |
Hashim Tin Myint အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို မယုံကြည်ကြပေ။ သူတို့အား အလ္လာဟ်အရှင်မြတ်သည် လမ်းမှန် ညွှန်ကြားပြသတော်မူမည် မဟုတ်ပေ။ ၎င်းနောက် သူတို့အတွက် နာကျင်စေသော ပြစ်ဒဏ်ရှိမည်။ |