×

ထို့ပြင် ဧကန်စင်စစ်၊ (အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့က ထို (ရစူလ် တမန်တော်မုဟမ္မဒ်ဖြစ်) သူအား (ယင်းကျမ်းတော်ကို) သင်ကြားပို့ချပေးသူမှာ (သေမျိုးဖြစ်သော) 16:103 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:103) ayat 103 in Burmese

16:103 Surah An-Nahl ayat 103 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 103 - النَّحل - Page - Juz 14

﴿وَلَقَدۡ نَعۡلَمُ أَنَّهُمۡ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٞۗ لِّسَانُ ٱلَّذِي يُلۡحِدُونَ إِلَيۡهِ أَعۡجَمِيّٞ وَهَٰذَا لِسَانٌ عَرَبِيّٞ مُّبِينٌ ﴾
[النَّحل: 103]

ထို့ပြင် ဧကန်စင်စစ်၊ (အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့က ထို (ရစူလ် တမန်တော်မုဟမ္မဒ်ဖြစ်) သူအား (ယင်းကျမ်းတော်ကို) သင်ကြားပို့ချပေးသူမှာ (သေမျိုးဖြစ်သော) လူသားတစ် ဦးသာလျှင် ဖြစ်၏။” ဟု ပြောဆိုကြသည်ကို ငါအရှင်မြတ် အကြွင်းမဲ့ သိနေတော်မူ၏။ (စင်စစ်) သူတို့စောင်းမြောင်း ရည်ညွှန်းပြောဆိုကြသော (အဆိုပါလူသားဖြစ်) သူ၏ဘာသာစကားမှာမူ နိုင်ငံခြားဘာသာစကားပင် ဖြစ်ပြီး ဤ (ကျမ်းတော်မြတ်ကုရ်အာန်၏စာပေ) သည်ကား ထင်ရှားမြင်သာဖွယ်ရာ ပြေပြစ်သော အရဗီဘာသာ စကားပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ولقد نعلم أنهم يقولون إنما يعلمه بشر لسان الذي يلحدون إليه أعجمي, باللغة البورمية

﴿ولقد نعلم أنهم يقولون إنما يعلمه بشر لسان الذي يلحدون إليه أعجمي﴾ [النَّحل: 103]

Ba Sein
၁ဝ၃။ မိစ္ဆာအယူဝါဒရှိသူတို့က ရှင်မိုဟမ္မဒ်ကိုသာ သွန်သင်ပေးသည်ဟု စွပ်စွဲခြင်းကို ငါအရှင်မြတ်ကောင်းစွာသိတော် မူ၏။ သူတို့မတော်မတရားဆရာမြှောက်သူ၏ ဘာသာစကားမှာ ဘာသာခြားစကားဖြစ်၏။ ကျမ်းတော်မြတ်မှာ မူကား ရှင်းလင်းသောအာရဗီဘာသာဒေသနာတော်ဖြစ်၏။
Ghazi Mohammad Hashim
၎င်းပြင် ဧကန်စင်စစ် ၎င်းတို့သည် ထို(နဗီတမာန်တော်မုဟမ္မဒ်)အား လူတစ်ယောက်က သင်ကြားပို့ချ၍ပေးသည်ဟု ပြောဆိုကြသည်ကို ဧကန်မလွဲ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူပေသည်။ (စင်စစ်)၎င်းတို့စောင်းမြောင်းရည်ညွှန်း ပြောဆိုကြကုန်သောသူ၏ဘာသာစကားမှာမူနိုင်ငံခြား ဘာသာစကားပင် ဖြစ်ပေသည်။ သို့ရာတွင် ဤအာယတ်တော်တွင်မူကား ရှင်းလင်းပြေပြစ်သော အရဗီဘာသာစကားပင် ဖြစ်လေသည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် သူတို့က ၎င်း(တမန်‌တော်)ကို လူတစ်ဦးက သင်ကြားပို့ချ‌ပေးသည်ဟု ‌ပြောဆို(စွပ်စွဲ)ကြသည်ကို အမှန်စင်စစ် ငါအရှင်မြတ်သည် သိ‌တော်မူသည်။* သူတို့ ရည်ညွှန်း‌ပြောဆိုကြ‌သောသူ၏ဘာသာစကားသည် အရဗီမဟုတ်‌သော ဘာသာစကားပင်ဖြစ်သည်။ ထို့ပြင် ဤကုရ်အာန်ကျမ်းကမူ ရှင်းလင်းထင်ရှား‌သော အရဗီဘာသာစကားပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek