×

ထို့ပြင် ယခင်က အသင် (တမန်တော်) အား (ရှေးခေတ်အဖြစ်အပျက်များ အကြောင်းကို) ပြန်လည် တင်ပြစေတော်မူသည့်အတိုင်း ငါအရှင်မြတ်သည် ဂျူးလူမျိုးတို့အပေါ်၌ (ယခု 16:118 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:118) ayat 118 in Burmese

16:118 Surah An-Nahl ayat 118 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 118 - النَّحل - Page - Juz 14

﴿وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا مَا قَصَصۡنَا عَلَيۡكَ مِن قَبۡلُۖ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴾
[النَّحل: 118]

ထို့ပြင် ယခင်က အသင် (တမန်တော်) အား (ရှေးခေတ်အဖြစ်အပျက်များ အကြောင်းကို) ပြန်လည် တင်ပြစေတော်မူသည့်အတိုင်း ငါအရှင်မြတ်သည် ဂျူးလူမျိုးတို့အပေါ်၌ (ယခု တရားဝင် ခွင့်ပြုထားသည့်အရာအချို့ကို) တရားမဝင်အဖြစ် တားမြစ်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့အား မတော်မတရား ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့၏ဆန္ဒတော်များနှင့်အညီအသုံးချလျက် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ သူတို့ ကိုသူတို့) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြခြင်းသာ ဖြစ်၏။

❮ Previous Next ❯

ترجمة: وعلى الذين هادوا حرمنا ما قصصنا عليك من قبل وما ظلمناهم ولكن, باللغة البورمية

﴿وعلى الذين هادوا حرمنا ما قصصنا عليك من قبل وما ظلمناهم ولكن﴾ [النَّحل: 118]

Ba Sein
၁၁၈။ သင့်အား ငါအရှင်ဖော်ပြတော်မူပြီးသောအစာများကိုလည်း ငါသည် ယဟူဒီလူမျိုးတို့အား တားမြစ်တော်မူ၏။ ငါသည် သူတို့အား မတော်မတရားပြစ်မှားတော်မမူချေ။ သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားလေ့ရှိ၏။
Ghazi Mohammad Hashim
ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ယဟူဒီများအ‌ပေါ်တွင် အသင်(တမန်‌တော့်)အား ငါအရှင်မြတ် ယခင်က မိန့်ကြားခဲ့‌သောအရာများကို ဟရာမ်ဟု တားမြစ်ထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နှိပ်စက်‌တော်မမူခဲ့‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်‌နေခဲ့ကြခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek