Quran with Burmese translation - Surah An-Nahl ayat 41 - النَّحل - Page - Juz 14
﴿وَٱلَّذِينَ هَاجَرُواْ فِي ٱللَّهِ مِنۢ بَعۡدِ مَا ظُلِمُواْ لَنُبَوِّئَنَّهُمۡ فِي ٱلدُّنۡيَا حَسَنَةٗۖ وَلَأَجۡرُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ﴾
[النَّحل: 41]
﴿والذين هاجروا في الله من بعد ما ظلموا لنبوئنهم في الدنيا حسنة﴾ [النَّحل: 41]
Ba Sein ၄၁။ အကြင်သူတိုပသည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကြီးကြောင့် မတရားနှိပ်စက်ခံရသဖြင့် မိမိတို့နေရာ အရပ်ကို စွန့်ပစ်ထွက်ပြေးရကြအ့ံ။ ထိုသူတို့အား ငါသည် အကယ်စင်စစ်ဤပစ္စုပ္ပန်ဘဝလောကတွင် အိုးအိမ် ပေးသနားတော်မူမည်။ အမှန်မှာ နောင်ဘဝ၏ ဆုတော်သည် သာလွန်ကြီးမား၏။ သူတို့သိလျှင် ကောင်းလေစွ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရပြီးနောက် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ထွန်းကားမှုကိုရည်စူး၍ ရွှေ့ပြောင်းနေထိုင်သူတို့အား အမှန်ပင် ငါအရှင်မြတ်သည် ကောင်းမွန်သောနေရာတွင် နေရာချပေးတော်မူမည်ဖြစ်၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆုလာဘ်ကြီးသည် အကြီးဆုံးပင်ဖြစ်ပေသတည်း။ အကယ်၍ ၎င်းတို့သိကြပါလျှင် ကောင်းစွ။ |
Hashim Tin Myint ထို့ပြင် နှိပ်စက်မှုကို ခံကြရပြီးနောက် အလ္လာဟ်အရှင်မြတ်၏(သာသနာတော်ထွန်းကားမှုကို) ရည်ရွယ်ပြီး ရွှေ့ပြောင်းနေထိုင်သူတို့အား အမှန်ပင် ငါအရှင်မြတ်သည် လောကထဲတွင် ကောင်းသောနေရာများ၌ နေရာချထားပေးတော်မူမည်ဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏အကျိုးဆုလာဘ်သည် အကြီးဆုံးပင်ဖြစ်သည်ကို အကယ်၍ သိကြမည်ဆိုလျှင် (ကောင်းလေစွပင်)။ |