Quran with Burmese translation - Surah Al-Isra’ ayat 14 - الإسرَاء - Page - Juz 15
﴿ٱقۡرَأۡ كِتَٰبَكَ كَفَىٰ بِنَفۡسِكَ ٱلۡيَوۡمَ عَلَيۡكَ حَسِيبٗا ﴾
[الإسرَاء: 14]
﴿اقرأ كتابك كفى بنفسك اليوم عليك حسيبا﴾ [الإسرَاء: 14]
Ba Sein ၁၄။ ထိုအခါသူ့အား ဟယ်-လူသား သင်သည် မိမိစာရင်းစာအုပ်ကို ဖတ်ကြည့်လော့။ သင်၏ ဝိညာဉ်သည် သင့် ကို စာရင်းစစ်သူအဖြစ်ဖြင့် ဤနေ့တော်ကြီး၌ လုံလောက်၏ဟု ဗျာဒိတ်ပေးတော်မူလတ့ံ။ |
Ghazi Mohammad Hashim (ထို့နောက်၎င်းအား) အသင်သည် မိမိ မှတ်တမ်းကိုဖတ်လော့၊ ယနေ့သည်ကား အသင်ကိုယ်တိုင်ပင် မိမိကိုယ်နှင့်ဆန့်ကျင်၍ စစ်ဆေးသူအဖြစ် လုံလောက်ပေသည်။ |
Hashim Tin Myint (ထို့နောက် သူ့အားပြောမည်)- အသင်သည် အသင်၏မှတ်တမ်းကို ဖတ်လိုက်ပါ၊ ယနေ့မူ အသင်ကိုယ်တိုင်ပင် အသင်၏အပေါ် စာရင်းစစ်ဆေးသူအဖြစ် လုံလောက်ပေသည်။ |