Quran with Burmese translation - Surah Al-Isra’ ayat 15 - الإسرَاء - Page - Juz 15
﴿مَّنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۗ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبۡعَثَ رَسُولٗا ﴾
[الإسرَاء: 15]
﴿من اهتدى فإنما يهتدي لنفسه ومن ضل فإنما يضل عليها ولا تزر﴾ [الإسرَاء: 15]
Ba Sein ၁၅။ အကြင်သူသည် လမ်းမှန်ကို လျှောက်လိုက်အ့ံ။ ထိုသူသည် မိမိဝိညာဉ်ကောင်းစားဖို့ရာသာ လမ်းမှန်ကို လိုက်သည်မည်၏။ အကြင်သူသည် မှားယွင်းအ့ံ။ ထိုသူသည် မိမိဝိညာဉ်၏ နစ်နာဖို့ရာသာ မှားယွင်းသည် မည်၏။ မိမိဝန်ထုပ်ဝန်ပိုးကို ရွက်ဆောင်နေရသူသည် သူတပါး၏ ဝန်ထုပ်ကို မရွက်ဆောင်နိုင်ချေ။ ငါသည် တမန်တော်တပါးပါးကို စေလွှတ်တော်မမူပဲ၊ အမျိုးတမျိုးကို အပြစ်ဒဏ်ခတ်နှိပ်တော်မမူချေ။ |
Ghazi Mohammad Hashim အကြင်သူသည် တရားလမ်းမှန်ကို ရရှိခဲ့လျှင်မိမိကိုယ်တိုင်၏အကျိုးငှာ တရားလမ်းမှန်ကို ရရှိခဲ့သည်သာ။ထိုနည်းတူစွာ အကြင်သူသည် လမ်းမှားခဲ့လျှင်လည်း မိမိကိုယ်နှင့်ဆန့်ကျင်၍ လမ်းမှားခဲ့သည်သာတည်း။ အမှန်စင်စစ် မည်သည့်သယ်ပိုးသူတစ်ဦးတယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကိုသယ်ပိုး လိမ့်မည် မဟုတ်ပေ။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ် တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူသမျှကာလပတ်လုံး ပြစ်ဒဏ်ပေးတော်မူသည် မဟုတ်ပေ။ |
Hashim Tin Myint မည်သူသည် တရားလမ်းမှန်ကို ရရှိခဲ့မည်နည်း၊ ထိုသူသည် သူ၏အကျိုးအတွက် ရရှိခဲ့ခြင်းသာဖြစ်သည်။ ၎င်းနောက် မည်သူသည် လမ်းလွဲခဲ့မည်နည်း၊ ထိုသူသည် သူ့ကိုယ်သူနှင့်ဆန့်ကျင်ပြီး (အကျိုးယုတ်ရန်) လမ်းလွဲခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သည့်သယ်ပိုးသူကမျှ သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုးမည် မဟုတ်ပေ။ ၎င်းနောက် ငါအရှင်မြတ်သည် တမန်တော်တစ်ပါးပါးအား မစေလွှတ်သမျှ ပြစ်ဒဏ်ပေးတော်မမူပေ။ |