×

(စည်းစိမ်ချမ်းသာဥစ္စာဓန ရွှေငွေရတနာ အိမ်ယာခြံမြေစသည့်) ပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများသည် ဤလောကီဘဝသက်တမ်း၏ (ရပိုင်ခွင့်နှင့်ခံစားခွင့်ဆိုင်ရာ ဆွဲဆောင်ဖွယ်ကောင်းအောင်) တန်ဆာဆင်ထားသောတင့်တယ်မှုမျှပင် ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင်ကြံမှုများဖြင့် သီလဆောက်တည်ခြင်းသည် 18:46 Burmese translation

Quran infoBurmeseSurah Al-Kahf ⮕ (18:46) ayat 46 in Burmese

18:46 Surah Al-Kahf ayat 46 in Burmese (البورمية)

Quran with Burmese translation - Surah Al-Kahf ayat 46 - الكَهف - Page - Juz 15

﴿ٱلۡمَالُ وَٱلۡبَنُونَ زِينَةُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَٱلۡبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابٗا وَخَيۡرٌ أَمَلٗا ﴾
[الكَهف: 46]

(စည်းစိမ်ချမ်းသာဥစ္စာဓန ရွှေငွေရတနာ အိမ်ယာခြံမြေစသည့်) ပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများသည် ဤလောကီဘဝသက်တမ်း၏ (ရပိုင်ခွင့်နှင့်ခံစားခွင့်ဆိုင်ရာ ဆွဲဆောင်ဖွယ်ကောင်းအောင်) တန်ဆာဆင်ထားသောတင့်တယ်မှုမျှပင် ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင်ကြံမှုများဖြင့် သီလဆောက်တည်ခြင်းသည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အစဉ်အမြဲ အခိုင် အမာ တည်တံ့မည့် ကောင်းမှုကုသိုလ်များနှင့်အကျိုးဆုလဒ်ကောင်းရမည့် အရာများဖြစ်ရုံသာမက အကောင်းဆုံး လုပ်ရပ်များပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: المال والبنون زينة الحياة الدنيا والباقيات الصالحات خير عند ربك ثوابا وخير, باللغة البورمية

﴿المال والبنون زينة الحياة الدنيا والباقيات الصالحات خير عند ربك ثوابا وخير﴾ [الكَهف: 46]

Ba Sein
၄၆။ ဥစ္စာပစ္စည်း၊ သားသမီအခြွေအရံသည် ဤလောကဘဝ၏ တန်ဆာပလာသာဖြစ်၏။ သို့သော်တာရှည်ခိုင်မြဲသော ကုသိုလ်ကောင်းမှုများသာလျှင် သင်၏ ကျေးဇူးတော်သခင်၏ မျက်မှောက်တော်ဝယ် သာလွန်မွန်မြတ်၏။ မျှော်လင့်ခြင်းအတွက်လည်း သာလွန်ကောင်းမွန်၏။
Ghazi Mohammad Hashim
ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ လောကီဘဝ၏ တင့်တယ်မှုမျှပင်ဖြစ်ပေသည်။ သို့ရာတွင် ဆက်လက်၍ အမြဲတစေ တည်အံ့သောကောင်းမြတ်သော အကျင့်သီလတို့မှာမူကား၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြပေသည်။မျှော်လင့်ချက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသတည်း။
Hashim Tin Myint
ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် ဤဘဝ၏လှပတင့်တယ်မှုများပင်ဖြစ်သည်။ ထို့‌နောက် အမြဲတည်တံ့‌သော ‌ကောင်းမြတ်သည့်လုပ်ရပ်များ*ကမူ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌ အကျိုးအ‌နေဖြင့်လည်း အ‌ကောင်းဆုံးဖြစ်သည်။ ‌မျှော်လင့်ချက်အ‌နေဖြင့်လည်း အ‌ကောင်းဆုံးပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek