Quran with Burmese translation - Surah Al-Kahf ayat 90 - الكَهف - Page - Juz 16
﴿حَتَّىٰٓ إِذَا بَلَغَ مَطۡلِعَ ٱلشَّمۡسِ وَجَدَهَا تَطۡلُعُ عَلَىٰ قَوۡمٖ لَّمۡ نَجۡعَل لَّهُم مِّن دُونِهَا سِتۡرٗا ﴾
[الكَهف: 90]
﴿حتى إذا بلغ مطلع الشمس وجدها تطلع على قوم لم نجعل لهم﴾ [الكَهف: 90]
Ba Sein ၉၀။ ထိုအခါ သူသည် နေထွက်ရာအရပ်သို့ ရောက်ရှိ၏။ နေသည် လူတသင်းအပေါ်တွင် ထွက်နေသည်ကို သူ တွေ့မြင်ရ၏။ ထိုလူများအား နေ၏ အပူရှိန်မှ အကာအကွယ်ခိုလှုံရာကို ငါအရှင်မြတ်ပေးတော်မမူချေ။ |
Ghazi Mohammad Hashim နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေထွက်ရာနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကို အကြင်လူမျိုးတစ်မျိုး၏အပေါ်၌ ထွက်နေဘိသကဲ့သို့ တွေ့ရှိခဲ့လေသည်။ ငါအရှင်မြတ်သည် ထိုလူမျိုးအားနေ၏ ဤမှာဘက်တွင် အကာအကွယ်တစ်စုံတစ်ရာကိုမျှ ပြုလုပ်၍ပေးတော်မူခဲ့သည်မဟုတ်ချေ။ |
Hashim Tin Myint နောက်ဆုံးတွင် သူသည် နေထွက်ရာနေရာကို ရောက်ရှိသည့်အခါ ထိုနေကို အကြင်လူမျိုးတစ်မျိုးအပေါ်တွင် ထွက်နေသည်ကို တွေ့ရှိခဲ့သည်။ ငါအရှင်မြတ်သည် ထိုလူမျိုးနှင့် နေ၏ကြားတွင် မည်သည့်အကာအကွယ်မှ ပြုလုပ်တော်မမူခဲ့ပေ။ |