×

ထို့နောက် (တမန်တော်) အီဗ်ရာဟီးမ်သည် သူတို့နှင့်အလ္လာဟ်အရှင်မြတ်အားစွန့်၍ သူတို့က သတိရ တသလျက် ဟစ်ခေါ် ကိုးကွယ်နေကြသော (သက်ရှိသက်မဲ့) အရာတို့မှ ဆုတ်ခွာ၍ 19:49 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:49) ayat 49 in Burmese

19:49 Surah Maryam ayat 49 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 49 - مَريَم - Page - Juz 16

﴿فَلَمَّا ٱعۡتَزَلَهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ وَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۖ وَكُلّٗا جَعَلۡنَا نَبِيّٗا ﴾
[مَريَم: 49]

ထို့နောက် (တမန်တော်) အီဗ်ရာဟီးမ်သည် သူတို့နှင့်အလ္လာဟ်အရှင်မြတ်အားစွန့်၍ သူတို့က သတိရ တသလျက် ဟစ်ခေါ် ကိုးကွယ်နေကြသော (သက်ရှိသက်မဲ့) အရာတို့မှ ဆုတ်ခွာ၍ ရှောင်တိမ်းကြသော အခါ ငါအရှင်မြတ်သည် (သူ၏သားစဉ်မြေးဆက်အနက်မှ တမန်တော်) အီစ္စဟာ့က်နှင့်ယအ်ကူဗ်တို့ တစ်ဦးချင်းစီကို နဗီတမန်တော်များအဖြစ် ပွင့်ပေါ်စေတော်မူလျက် သူ့အား ဂုဏ်သိက္ခာချီး မြှင့်ပေးအပ်တော်မူခဲ့၏။

❮ Previous Next ❯

ترجمة: فلما اعتزلهم وما يعبدون من دون الله وهبنا له إسحاق ويعقوب وكلا, باللغة البورمية

﴿فلما اعتزلهم وما يعبدون من دون الله وهبنا له إسحاق ويعقوب وكلا﴾ [مَريَم: 49]

Ba Sein
၄၉။ ထိုသို့ပြောပြီးလျှင် သူတို့နှင့်တကွ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားတုတို့မှ တမန်တော် အေဗရာဟမ်သည် ထွက်ခွာသွားလေ၏။ ငါအရှင်မြတ်သည် သူ့အား အစ္စဟတ်(က်)၊ ယာကုဗ်ခေါ် သားမြေး တို့ကို ပေးသနားတော်မူ၏။
Ghazi Mohammad Hashim
တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။
Hashim Tin Myint
ထို့‌နောက် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် သူတို့(မုရှ်ရိက်များ)နှင့် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး သူတို့ကိုးကွယ်ကြသည့်အရာများကပါ သီးခြားခွဲခွာ၍ ‌နေသည့်အခါတွင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)အား (သား‌တော်)အစ္စဟာက်နှင့် (‌မြေး‌တော်)ယအ်ကူဗ်ကို ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(အစ္စဟာက်နှင့်ယအ်ကူဗ်)နှစ်ဦးစလုံးကို တမန်‌တော်အဖြစ် ချီးမြှင့်‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek