Quran with Burmese translation - Surah Maryam ayat 48 - مَريَم - Page - Juz 16
﴿وَأَعۡتَزِلُكُمۡ وَمَا تَدۡعُونَ مِن دُونِ ٱللَّهِ وَأَدۡعُواْ رَبِّي عَسَىٰٓ أَلَّآ أَكُونَ بِدُعَآءِ رَبِّي شَقِيّٗا ﴾
[مَريَم: 48]
﴿وأعتزلكم وما تدعون من دون الله وأدعو ربي عسى ألا أكون بدعاء﴾ [مَريَم: 48]
Ba Sein ၄၈။ ဖခင်နှင့်တကွ အလ္လာဟ်မှတပါး ဖခင်ကိုးကွယ်သောဘုရားများမှ အကျွနု်ပ်ထွက်ခွာသွားပါအ့ံ၊ အကျွနု်ပ်သည် မိမိ၏ အရှင်သခင်ထံ၌ ဆုတောင်းပါမည်၊ အကျွနု်ပ်၏ ကျေးဇူးတော်သခင်အား ဆုတောင်းခြင်း၌ အကျွနု်ပ်သည် ကောင်းကြီးမင်္ဂလာမဲ့မည်မဟုတ်ချေဟု ပြန်ပြော၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။ |
Hashim Tin Myint ထို့ပြင် ကျွန်ုပ်သည် အသင်နှင့်တကွ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ အသင်တို့ ဟစ်ခေါ်နေသောအရာများမှ သီးခြားခွဲခွာပြီးနေတော့မည်။ ထို့ပြင် ကျွန်ုပ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုသာ ဟစ်ခေါ်တော့မည်။ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ဟစ်ခေါ်ရာတွင် အလိုမပြည့်သူဖြစ်မည် မဟုတ်ဟု မျှော်လင့်ပါသည်။ |