Quran with Burmese translation - Surah Al-Baqarah ayat 106 - البَقَرَة - Page - Juz 1
﴿۞ مَا نَنسَخۡ مِنۡ ءَايَةٍ أَوۡ نُنسِهَا نَأۡتِ بِخَيۡرٖ مِّنۡهَآ أَوۡ مِثۡلِهَآۗ أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴾
[البَقَرَة: 106]
﴿ما ننسخ من آية أو ننسها نأت بخير منها أو مثلها ألم﴾ [البَقَرَة: 106]
Ba Sein ၁ဝ၆။ အကြင်ကျမ်းတော်များကို ငါအရှင်မြတ်သည် ရုပ်သိမ်းတော်မူ၏။ သို့မဟုတ် မေ့လျော့ပျောက်ကွယ် စေတော်မူ၏။ ထိုကျမ်းတော်များအစား ငါသည်သာလျှင် ကောင်းမြတ်သော သို့မဟုတ် တူမျှသော ကျမ်းတော်ကို စီရင်ပေးတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသည်ကို မသိသလော။ |
Ghazi Mohammad Hashim အကယ်၍ ငါအရှင်သည် အကြင် အာယတ်တော်(၏အမိန့်တော်)ကို ရပ်စဲတော်မူအံ့၊ သို့တည်း မဟုတ် ထိုအာယတ်တော်ကိုပင် မေ့ပျောက်စေတော် မူအံ့၊ ငါအရှင်သည် ထိုအာယတ်တော်ထက် ပိုမို သင့်မြတ်သော အာယတ်တော်ကို သော်လည်းကောင်း၊ ထိုအာယတ်တော်နှင့် အလားတူ အာယတ်တော်ကို သော်လည်းကောင်း၊ ထုတ်ပြန်ပို့ချတော်မူသည်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်သည် ချင့်ချိန် မှန်းဆ၍ စွမ်းဆောင်နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည်ကို အသင်သည် မသိပါသလော။ |
Hashim Tin Myint ငါအရှင်မြတ်သည် အာယသ်တော်တစ်ခုကို ရုပ်သိမ်းတော်မူသည်ဖြစ်စေ၊ သို့မဟုတ် ထိုအာယသ်တော်ကိုမေ့ပျောက်စေတော်မူသည်ဖြစ်စေ၊ ငါအရှင်မြတ်သည် ထိုအာယသ်ထက် ပိုကောင်းသည့်အာယသ် သို့မဟုတ် ထိုကဲ့သို့ အာယသ်မျိုးကို ယူဆောင်လာ(ပြီးထုတ်ပြန်ပို့ချ)တော်မူသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ဆိုခြင်းကို အသင်(တမန်တော်)မသိပါသလော။ |