×

(ဆွလာသ်ဝတ်ပြုမှုအတွက် ကမ္ဘာအနှံ့မှ မွတ်စလင်များက တစ်ခုတည်းသော ကအ်ဗဟ်ဝတ်ကျောင်း တော်ဘက်သို့ ရှေးရူဦးတည်သည်ကို ဆင်ခြေပေး၍ အရှင့်ဂုဏ်တော်နာမတော်တို့အား ထုတ်ဖော်တသခြင်းမှ ပိတ်ပင်တားဆီးရန် သူတို့က 2:115 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:115) ayat 115 in Burmese

2:115 Surah Al-Baqarah ayat 115 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 115 - البَقَرَة - Page - Juz 1

﴿وَلِلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ فَأَيۡنَمَا تُوَلُّواْ فَثَمَّ وَجۡهُ ٱللَّهِۚ إِنَّ ٱللَّهَ وَٰسِعٌ عَلِيمٞ ﴾
[البَقَرَة: 115]

(ဆွလာသ်ဝတ်ပြုမှုအတွက် ကမ္ဘာအနှံ့မှ မွတ်စလင်များက တစ်ခုတည်းသော ကအ်ဗဟ်ဝတ်ကျောင်း တော်ဘက်သို့ ရှေးရူဦးတည်သည်ကို ဆင်ခြေပေး၍ အရှင့်ဂုဏ်တော်နာမတော်တို့အား ထုတ်ဖော်တသခြင်းမှ ပိတ်ပင်တားဆီးရန် သူတို့က ကြိုးပမ်းကြ၏။) နေထွက်ရာအရှေ့အရပ်နှင့်နေဝင်ရာအနောက်အရပ်တို့သည် အလ္လာဟ်အရှင်မြတ်က ဖြစ်တည်စေတော်မူသည့် အရှင့်ပိုင်များသာ ဖြစ်၏။ သင်တို့က မည်သည့် အရပ်ဘက်သို့ လှည့်ပြောင်း၍ မျက်နှာမူ ဦးတည်ဖြစ်စေ ယင်း၌ အလ္လာဟ်အရှင်မြတ်၏”မျက်နှာတော်”သာရှိ၏။ (နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေသော မိုးမြေ၊ နေ၊ လ၊ ဂြိုဟ်နက္ခတ်တာရာ သဘာဝနိယာမတရားနှင့် သက်ရှိသက်မဲ့များကို မြင်တွေ့ရပြီး အရှင့်မျက်တော်မှောက်မှ ထွက်သွားနိုင်မည်မဟုတ်ကြောင်းကို “မျက်နှာတော်” ဟု တင်စားခြင်းဖြစ်သည်)။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အရှင့်ကရုဏာတော်ဖြင့် လွှမ်းခြုံထားတော်မူသောအရှင်၊ ခပ်သိမ်းကုန်တို့အား အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ولله المشرق والمغرب فأينما تولوا فثم وجه الله إن الله واسع عليم, باللغة البورمية

﴿ولله المشرق والمغرب فأينما تولوا فثم وجه الله إن الله واسع عليم﴾ [البَقَرَة: 115]

Ba Sein
၁၁၅။ အလ္လာဟ်အရှင်မြတ်သည် အေ့ရှနှင့်အနောက်ကို ပိုင်တော်မူ၏။ သင်တို့သည် မည်သည့်ဘက်သို့ မျက်နှာလှည့်လှည့် ထိုဘက်တွင် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ရှိ၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် နေရာတိုင်းတွင် တည်ရှိတော်မူသောအရှင်၊ အရာရာကို အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။
Hashim Tin Myint
ထို့ပြင် အ‌ရှေ့နှင့်အ‌နောက်(အပြင်ရှိသမျှအရာအားလုံး)သည် အရှင်မြတ်အတွက်သာဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သည့်ဘက်သို့ပင် မျက်နှာမူသည်ဖြစ်‌စေ ထိုဘက်တွင် အရှင်မြတ်၏မျက်နှာ‌တော် ရှိ‌နေ‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို) ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek