×

အရှင့်နာမတော်ဂုဏ်တော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရန် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ် မြို့မှုအတွက် (ဆောက်လုပ်ထားသော) ဝတ်ပြုရာဗလီဝတ်ကျောင်းတော်များမှ (ဝတ်ပြုရန်ရောက်လာသူများကို နှင်ထုတ်) တားဆီးပိတ်ပင်ပြီး ယင်း 2:114 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:114) ayat 114 in Burmese

2:114 Surah Al-Baqarah ayat 114 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 114 - البَقَرَة - Page - Juz 1

﴿وَمَنۡ أَظۡلَمُ مِمَّن مَّنَعَ مَسَٰجِدَ ٱللَّهِ أَن يُذۡكَرَ فِيهَا ٱسۡمُهُۥ وَسَعَىٰ فِي خَرَابِهَآۚ أُوْلَٰٓئِكَ مَا كَانَ لَهُمۡ أَن يَدۡخُلُوهَآ إِلَّا خَآئِفِينَۚ لَهُمۡ فِي ٱلدُّنۡيَا خِزۡيٞ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابٌ عَظِيمٞ ﴾
[البَقَرَة: 114]

အရှင့်နာမတော်ဂုဏ်တော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရန် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ် မြို့မှုအတွက် (ဆောက်လုပ်ထားသော) ဝတ်ပြုရာဗလီဝတ်ကျောင်းတော်များမှ (ဝတ်ပြုရန်ရောက်လာသူများကို နှင်ထုတ်) တားဆီးပိတ်ပင်ပြီး ယင်း (ဝတ်ကျောင်းတော်) ကို ပြိုကွဲဖျက်ဆီးရန် ရုန်းကန်ကြိုးပမ်းသူတို့ထက် အဘယ်သူက စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်သူများ ဖြစ်မည်နည်း။ ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ယင်းဝတ်ကျောင်းတော်များထဲသို့ စိုးရိမ်ကြောင့်ကြသူများအဖြစ်နှင့်သာ ဝင်ကြလိမ့်မည်။ (ဘာသာရေးဆိုင်ရာ အဆောက်အဦးများအား ဖျက်ဆီးခြင်းသည် အလွန်ရွံ့ရှာဖွယ်ကောင်းပြီး (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ကို ရန်လိုမုန်းတီးခြင်းဖြစ်၍) သူတို့အတွက် ဤလောက၌ သိက္ခာမဲ့မှုနှင့်အရှက်ရစရာများ ရှိရုံသာမက နောင်တမလွန်ဘဝတွင်လည်း ပြစ်တင်ရှုတ်ချမှုများနှင့်ပြစ်ဒဏ်များ ရှိ၏။

❮ Previous Next ❯

ترجمة: ومن أظلم ممن منع مساجد الله أن يذكر فيها اسمه وسعى في, باللغة البورمية

﴿ومن أظلم ممن منع مساجد الله أن يذكر فيها اسمه وسعى في﴾ [البَقَرَة: 114]

Ba Sein
၁၁၄။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဘေးမဲ့နေရာ ဗလီကျောင်းတော်များ၌ အလ္လာဟ် အရှင်မြတ်၏ နာမတော်ကို အောက်မေ့တသသည်ကို တားဆီးပိတ်ပင်၍ ကျောင်းတော်များကို ဖျက်ဆီးဖို့ရာသာလျှင် ကြိုးပမ်းအားထုတ်ကြ၏။ ထိုသူတို့သည် ထိုဗလီကျောင်းတော်များသို့ ရဲရဲမဝင်ဝ့ံပဲ ထိတ်လန့်ကြောက်ရွံ့သောစိတ်နှင့်သာဝင်ကြရ၏။ သူတို့အဖို့ ဤလောကမျက်မှောက် ဘဝ၌ အရှက်ကွဲသေးသိမ်ယုတ်ည့ံခြင်းဖြစ်သည်။ နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့အတွက် အလွန်ကြောက်မက်ဖွယ်သော အပြစ်ဒဏ်ရှိ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ အလ္လာဟ် အရှင်မြတ်၏ ဗလီကျောင်းတော်များ၌ ထိုအရှင်မြတ်၏နာမံတော်ကို ထုတ်ဖော်တသ စီးဖြန်းသရဇ္ဈာယ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းကို တားဆီးပိတ်ပင် ကန့်ကွက်ကြရုံမျှမက ထိုဗလီကျောင်းတော်များ၏ ပျက်စီးရာပျက်စီးကြောင်းကိုလည်း ကြိုးပမ်းအားထုတ် ကြကုန်သော သူတို့ထက် သာလွန်ဆိုးယုတ်သောသူသည် အဘယ်မှာလျှင် ရှိနိုင်ပါဦးအံ့နည်း၊ (ဗလီကျောင်းတော်များကို ဖျက်ဆီးဘို့ရာဝေးစွ၊) ထိုသူတို့ ကိုယ်တိုင်ပင်လျှင်အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် ထိုဗလီကျောင်းတော် များတွင်းသို့ ဝင်ရောက်ရာ၏။ ထိုကဲ့သို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော သူတို့၏အဖို့ရာကား ဤဘဝ၌ပင် ဂုဏ်အသရေဆုတ်ယုတ် ခြင်းဖြစ်သည့်ပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူတို့အဘို့ ကြီးလေးသော အပြစ်ဒဏ်(အဆင်သင့်စီမံပြီး) ရှိလေသတည်း။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ဗလီ‌ကျောင်း‌တော်များတွင် အရှင်မြတ်၏နာမ‌တော်ကို တသမှုမှ တားဆီးပိတ်ပင်ခဲ့ပြီး ထိုဗလီ‌ကျောင်း‌တော်ကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြသည့်သူများထက် ပိုမိုတရားသူသည် မည်သူရှိဦးမည်နည်း။ (အမှန်စင်စစ်)သူတို့ကိုယ်တိုင် ထို(ဗလီ)ထဲသို့ ‌ကြောက်ရွံ့စွာဝင်‌ရောက်ရမည်မှလွဲ၍ အခြားမရှိ‌ပေ။ ထိုကဲ့သို့ ဖျက်ဆီးရန်ကြိုးပမ်းသူများအတွက် ဤဘဝတွင် ‌သေးသိမ်မှုနှင့် တမလွန်ဘဝတွင် ကြီး‌လေးသည့်အပြစ်ဒဏ်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek