×

ထို့ပြင် (ယုံကြည်မှုသစ္စာတရားဘက်ဖိတ်ခေါ်ရန် တာဝန်ရှိသည့်အလျောက်) သူတို့အား ""ယုံကြည်သူများ ကဲ့သို့ ယုံကြည်ကြလော့။"" ဟု ပြောသည့်အခါတိုင်း သူတို့က (လူတို့အား မတရားသဖြင့်နှိပ်ကွပ်နိုင်ရန်နှင့်သူတို့၏ 2:13 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:13) ayat 13 in Burmese

2:13 Surah Al-Baqarah ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 13 - البَقَرَة - Page - Juz 1

﴿وَإِذَا قِيلَ لَهُمۡ ءَامِنُواْ كَمَآ ءَامَنَ ٱلنَّاسُ قَالُوٓاْ أَنُؤۡمِنُ كَمَآ ءَامَنَ ٱلسُّفَهَآءُۗ أَلَآ إِنَّهُمۡ هُمُ ٱلسُّفَهَآءُ وَلَٰكِن لَّا يَعۡلَمُونَ ﴾
[البَقَرَة: 13]

ထို့ပြင် (ယုံကြည်မှုသစ္စာတရားဘက်ဖိတ်ခေါ်ရန် တာဝန်ရှိသည့်အလျောက်) သူတို့အား ""ယုံကြည်သူများ ကဲ့သို့ ယုံကြည်ကြလော့။"" ဟု ပြောသည့်အခါတိုင်း သူတို့က (လူတို့အား မတရားသဖြင့်နှိပ်ကွပ်နိုင်ရန်နှင့်သူတို့၏ မာန်မာနကို ပြသနိုင်ရန်အတွက်) ""ကျွန်ုပ်တို့သည် တုံးအသူများကဲ့သို့ ယုံကြည်ရမည်လော့။"" ဟု ပြောဆိုကြပြန်၏။ သတိပြုကြလော့။ သူတို့သည်သာ တုံးအသူများ ဖြစ်ကြချေပြီ။ သို့သော် သူတို့သည် (လမ်းမှန်နှင့်လမ်းမှား၊ အမှားနှင့်အမှန်၊ ဖြူစင်သည့်သစ္စာတရားနှင့်သီလကြောင်မှုတို့ကို့ခွဲခြားစွာ သိမြင်လိုစိတ် မရှိကြသဖြင့်) သိနားလည်နိုင် စွမ်းမရှိကြပေ။

❮ Previous Next ❯

ترجمة: وإذا قيل لهم آمنوا كما آمن الناس قالوا أنؤمن كما آمن السفهاء, باللغة البورمية

﴿وإذا قيل لهم آمنوا كما آمن الناس قالوا أنؤمن كما آمن السفهاء﴾ [البَقَرَة: 13]

Ba Sein
၁၃။ ထို့ပြင် သူတို့အား ဟယ် - အချင်းတို့ သင်တို့သည် အခြားသူတို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြလော့ ဟုပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် အရူးများကဲ့သို့ ယုံကြည်ရမည်လောဟု ဆိုကြ၏။ သူတို့သာလျှင် အရူးဖြစ်ကြသည်မဟုတ်လော။ သို့သော် သူတို့သည်မသိပေ။
Ghazi Mohammad Hashim
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် လူ(စွဟာဗဟ်)များ အီမာန်ယုံကြည်ကြသကဲ့သို့ အီမာန်ယုံကြည်ကြပါ*ဟု သူတို့သည် ‌ပြောဆိုခြင်းခံရ‌သောအခါ သူတို့က ကျွန်ုပ်တို့သည် အသိဉာဏ်နည်းသူများ အီမာန်ယုံကြည်ကြသကဲ့သို့ အီမာန်ယုံကြည်ရပါမည်‌လောဟု ပြန်‌ပြောကြသည်။ သတိပြုကြပါ၊ ထိုသူများသာလျှင် အမှန်မုချ အသိပညာနည်းပြီး အသိတရားမရှိသည့်သူများပင် ဖြစ်ကြသည်။ သို့ရာတွင် သူတို့သည် အသိမရှိကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek