×

သို့ဖြစ်ပေရာ (အစဉ်အမြဲ) ငါအရှင်မြတ်ကို သတိရတသ၍ ဖွင့်ဟကြလော့၊ (အရှင်မြတ်သာ အနှိုင်းမဲ့ ကြီးကျယ်တော်မူကြောင်းနှင့်အရှင်မြတ်ပြဌာန်းတော်မူသည့် စည်းမျဉ်းတော်များသည် လူသားတို့ အကျိုးအတွက်သာ ဖြစ်ကြောင်း 2:152 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:152) ayat 152 in Burmese

2:152 Surah Al-Baqarah ayat 152 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 152 - البَقَرَة - Page - Juz 2

﴿فَٱذۡكُرُونِيٓ أَذۡكُرۡكُمۡ وَٱشۡكُرُواْ لِي وَلَا تَكۡفُرُونِ ﴾
[البَقَرَة: 152]

သို့ဖြစ်ပေရာ (အစဉ်အမြဲ) ငါအရှင်မြတ်ကို သတိရတသ၍ ဖွင့်ဟကြလော့၊ (အရှင်မြတ်သာ အနှိုင်းမဲ့ ကြီးကျယ်တော်မူကြောင်းနှင့်အရှင်မြတ်ပြဌာန်းတော်မူသည့် စည်းမျဉ်းတော်များသည် လူသားတို့ အကျိုးအတွက်သာ ဖြစ်ကြောင်း ကြွေးကြော်လော့။) ငါအရှင်မြတ်သည် သင်တို့ကိုလည်း သတိရတော်မူလိမ့်မည်။ (အရှင်မြတ်သည် သင်တို့လုပ်နေသော ကောင်းမှုကုသိုလ်များ၏အကြောင်းကို ကောင်းကင်တမန်တို့ရှေ့မှောက်၌ ထုတ်ဖော်တော်မူလိမ့်မည်။) ထို့ပြင် (အရှင့်ကျေးဇူးတော်ကို သိတတ်သူများပီပီ) ငါအရှင်မြတ်ကို ကျေးဇူးတင်ကြလော့။ ကျေးဇူးမကန်းကြလေနှင့်။ (အရှင်မြတ်၏အမိန့်တော်များကို) မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခြင်း မလုပ်ကြလေနှင့်။

❮ Previous Next ❯

ترجمة: فاذكروني أذكركم واشكروا لي ولا تكفرون, باللغة البورمية

﴿فاذكروني أذكركم واشكروا لي ولا تكفرون﴾ [البَقَرَة: 152]

Ba Sein
၁၅၂။ ထို့ကြောင့် သင်တို့သည် ငါအား သတိရကြလော့။ ငါလည်း သင်တို့ကို သတိရတော်မူမည်။ ငါ၏ ကျေးဇူးတော်ကိုသိကြလော့။ ငါ့အား ကျေးဇူးမကန်းကြလင့်။
Ghazi Mohammad Hashim
သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။
Hashim Tin Myint
သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်အား သတိရကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့အား သတိရ‌တော်မူမည်။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏‌ကျေးဇူး‌တော်ကို သိကြပါ။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်အား ‌ကျေးဇူးမကန်းကြနှင့်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek