×

ငါအရှင်မြတ်သည် သင်တို့အား ကြောက်ရွံ့မှု၊ ငတ်မွတ်မှု၊ (ဝင်ငွေရှာသည့်နည်းလမ်းများ၊ အစာရိက္ခာဖြစ်သော ကောက်ပဲသီးနှံနှင့်) သစ်သီးဝလံများ ဆုံးရှုံးပျက်စီးမှု ၊ဆွေမျိုးရင်းချာနှင့်အသိုင်းအဝိုင်းတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ 2:155 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:155) ayat 155 in Burmese

2:155 Surah Al-Baqarah ayat 155 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 155 - البَقَرَة - Page - Juz 2

﴿وَلَنَبۡلُوَنَّكُم بِشَيۡءٖ مِّنَ ٱلۡخَوۡفِ وَٱلۡجُوعِ وَنَقۡصٖ مِّنَ ٱلۡأَمۡوَٰلِ وَٱلۡأَنفُسِ وَٱلثَّمَرَٰتِۗ وَبَشِّرِ ٱلصَّٰبِرِينَ ﴾
[البَقَرَة: 155]

ငါအရှင်မြတ်သည် သင်တို့အား ကြောက်ရွံ့မှု၊ ငတ်မွတ်မှု၊ (ဝင်ငွေရှာသည့်နည်းလမ်းများ၊ အစာရိက္ခာဖြစ်သော ကောက်ပဲသီးနှံနှင့်) သစ်သီးဝလံများ ဆုံးရှုံးပျက်စီးမှု ၊ဆွေမျိုးရင်းချာနှင့်အသိုင်းအဝိုင်းတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ၊ ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးနစ်နာမှု စသည်တို့ဖြင့် မုချဧကန် စမ်းသပ်တော်မူမည်ဖြစ်၍ (ထိုသို့ အစမ်းသပ်ခံရသည့်အခါ) ခန္တီသည်းခံကြံခိုင်မှုမြဲမြံသူတို့အား သတင်းကောင်းပါးလော့။

❮ Previous Next ❯

ترجمة: ولنبلونكم بشيء من الخوف والجوع ونقص من الأموال والأنفس والثمرات وبشر الصابرين, باللغة البورمية

﴿ولنبلونكم بشيء من الخوف والجوع ونقص من الأموال والأنفس والثمرات وبشر الصابرين﴾ [البَقَرَة: 155]

Ba Sein
၁၅၅။ ငါသည် သင်တို့အား ကြောက်ရွံ့ခြင်း၊ မွတ်သိပ်ခြင်း၊ ဥစ္စာပစ္စည်း၊ အသက်စည်းစိမ် ကောက်ပဲသီးနှံ ဆုံးရှုံးခြင်းတို့ဖြင့် မုချဧကန် စမ်းသပ်တော်မူမည်။ သို့သော် သင်သည် သည်းခံတည်ကြည်ကြသူတို့ အား ဝမ်းမြောက်ဘွယ်သတင်းကိုပေးလော့။
Ghazi Mohammad Hashim
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်း အားဖြင့် သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့် သော်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်းဖြင့်သော်လည်း ကောင်း၊ [(တနည်း) သားသမီးများ သေဆုံးစေခြင်းဖြင့် သော်လည်းကောင်း၊] စမ်းသပ်တော် မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ် များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက်ဘွယ်ရာ ကောင်းချီးမင်္ဂလာသတင်းကို [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)] အသင်သည် ပြောကြားပါလေ။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား တစ်စုံတစ်ခု‌သောအရာဖြင့် စမ်းသပ်‌တော်မူမည်။ ‌ကြောက်ရွံ့စိုးရိမ်မှုဖြင့်လည်း‌ကောင်း၊ ငတ်မွတ်မှုဖြင့်လည်း‌ကောင်း၊ ပစ္စည်းဥစ္စာ‌လျော့နည်းဆုံးရှုံးမှုဖြင့်လည်း‌ကောင်း၊ အသက်ဆုံးရှုံးဖြင့်လည်း‌ကောင်း၊ ‌ကောက်ပဲသီးနှံများ ပျက်စီးမှုဖြင့်လည်း‌ကောင်း စမ်းသပ်‌တော်မူမည်။ ၎င်း‌နောက် အသင်(တမန်‌တော်)သည် သည်းခံသူများအား သတင်း‌ကောင်း‌ပေးလိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek