Quran with Burmese translation - Surah Al-Baqarah ayat 156 - البَقَرَة - Page - Juz 2
﴿ٱلَّذِينَ إِذَآ أَصَٰبَتۡهُم مُّصِيبَةٞ قَالُوٓاْ إِنَّا لِلَّهِ وَإِنَّآ إِلَيۡهِ رَٰجِعُونَ ﴾
[البَقَرَة: 156]
﴿الذين إذا أصابتهم مصيبة قالوا إنا لله وإنا إليه راجعون﴾ [البَقَرَة: 156]
Ba Sein ၁၅၆။ ဘေးအန္တရာယ်ကျရောက်သောအခါ ထိုသူတို့က ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်မြတ်၏ ကျေးကျွန်များဖြစ်ကြ၏။ ကြည့်ကြလော့။ အကျွန်ုပ်တို့သည် အရှင်မြတ်အထံတော်သို့ ပြန့်နေကြသည် ဟု ဆိုကြ၏။ |
Ghazi Mohammad Hashim ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တ ရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။ |
Hashim Tin Myint ထိုသူများသည် သူတို့အပေါ် ဒုက္ခတစ်စုံတစ်ခုကျရောက်လာသည့်အခါ (ဤသို့)ပြောဆိုကြသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ကြပြီး အမှန်စင်စစ် ကျွန်ုပ်တို့သည် အရှင်မြတ်ထံသို့ ပြန်သွားကြရမည့်သူများသာ ဖြစ်ကြသည်။ |