Quran with Burmese translation - Surah Al-Baqarah ayat 164 - البَقَرَة - Page - Juz 2
﴿إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَٱلۡفُلۡكِ ٱلَّتِي تَجۡرِي فِي ٱلۡبَحۡرِ بِمَا يَنفَعُ ٱلنَّاسَ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن مَّآءٖ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَبَثَّ فِيهَا مِن كُلِّ دَآبَّةٖ وَتَصۡرِيفِ ٱلرِّيَٰحِ وَٱلسَّحَابِ ٱلۡمُسَخَّرِ بَيۡنَ ٱلسَّمَآءِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ ﴾
[البَقَرَة: 164]
﴿إن في خلق السموات والأرض واختلاف الليل والنهار والفلك التي تجري في﴾ [البَقَرَة: 164]
Ba Sein ၁၆၄။ ကြည့်ကြလော့။ မိုးမြေများကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ ညဉ့်နှင့်နေ့ကို အလှည့်ကျ လဲလှယ်တော်မူခြင်း၌သော်လည်းကောင်း လူသားတို့အကျိုးငှာ လှေသင်္ဘောများကို ပင်လယ် သမုဒ္ဒရာရေပြင်ကြောဝယ် ဖြတ်သန်းသွားလာခြင်း၌သော်လည်းကောင်း၊ မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် သွန်ချတော်မူသော မိုးရေ၌သော်လည်းကောင်း၊ ၎င်းမိုးရေအားဖြင့် သေနေသောမြေကို အသက်သွင်းပေးတော်မူခြင်း၌သော်လည်းကောင်း၊ ကမ္ဘာမြေပေါ်၌ တိရိစ္ဆာန် အမျိုးမျိုးကို အပြန့်အနှံ့ကြဲဖြန့်တော်မူခြင်း၌သော်လည်းကောင်း၊ လေများကို ပြောင်းလဲတိုက်ခတ် စေတော်မူခြင်း၌သော်လည်းကောင်း မိုးမြေစပ်ကြား တွဲလွဲကျနေသော မိုးတိမ်မိုးသားတို့၌သော် လည်းကောင်း စဉ်းစားဉာဏ်ရှိသူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကတော်များ ပါရှိ ကြ၏။ |
Ghazi Mohammad Hashim မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေဩ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန်( တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းတွင်၊ နေ့နှင့်ညပြောင်းလဲနေခြင်းတွင်၊ လူသားများအား အကျိုးဖြစ်ထွန်းစေသောအရာများတင်ဆောင်ပြီး ပင်လယ်ထဲ၌ သွားလာနေသည့်သဘေင်္ာများတွင်၊ (ခြောက်ကပ်)သေပြီးဖြစ်သည့် မြေကြီးကို ရှင်သန်(စိမ်းလန်း)စေရန် မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေသည့်မိုးရေတွင်၊ ထို(အမှန်ပင် စိမ်းလန်းရှင်သန်သွားသည့်)မြေကြီးပေါ် တိရစာ္ဆန်အမျိုးမျိုးကို ပေါက်ဖွားပြန့်နှံ့စေတော်မူခဲ့ရာတွင်၊ ထို့ပြင် လေများကို ပြောင်းရွှေ့ရွေ့လျားစေခြင်းတွင်၊ မိုးနှင့်မြေကြား၌(သွားလာရန်)အမိန့်နာခံနေသည့်မိုးတိမ်များတွင် နာလည်တတ်သည့်၊ အသိဉာဏ်ရှိသောသူများအတွက် (အရှင်မြတ်၏)သက်သေလက္ခဏာများ*ရှိသည်။ |