×

(သို့ဖြစ်ပါ၍ အရှင့်အမိန့်တော်များနှင့်အမှန်တရားများကို မယုံကြည်ဖီဆန်ငြင်းပယ်ခြင်းမှ ရှောင်ကြဉ်လျှက် သင်တို့ကိုယ်သင်တို့ ကယ်တင်နိုင်ရန် အရှင့်ထံ ခိုလှုံကြလော့၊) ထိုအရှင်မှအပ အခြား မည်သည့်အရာမျှ (အဖြစ် 2:163 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:163) ayat 163 in Burmese

2:163 Surah Al-Baqarah ayat 163 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 163 - البَقَرَة - Page - Juz 2

﴿وَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ لَّآ إِلَٰهَ إِلَّا هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ ﴾
[البَقَرَة: 163]

(သို့ဖြစ်ပါ၍ အရှင့်အမိန့်တော်များနှင့်အမှန်တရားများကို မယုံကြည်ဖီဆန်ငြင်းပယ်ခြင်းမှ ရှောင်ကြဉ်လျှက် သင်တို့ကိုယ်သင်တို့ ကယ်တင်နိုင်ရန် အရှင့်ထံ ခိုလှုံကြလော့၊) ထိုအရှင်မှအပ အခြား မည်သည့်အရာမျှ (အဖြစ် လုံးဝ မရှိကြောင်းကို မြင်သာထင်ရှားစေသည့် သက်သေလက္ခဏာတော်များဖြင့် လမ်းညွှန်တော်မူသော ကြောင့် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာ) အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည်ပင် သင်တို့အား အစဉ် ကရုဏာထားတော်မူသော ကရုဏာရှင်၊ တစ်ဆူတည်းတည်ရှိတော်မူပြီး အားလုံးအပေါ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وإلهكم إله واحد لا إله إلا هو الرحمن الرحيم, باللغة البورمية

﴿وإلهكم إله واحد لا إله إلا هو الرحمن الرحيم﴾ [البَقَرَة: 163]

Ba Sein
၁၆၃။ သင်တို့၏ အရှင်သခင်သည် တစ်ဆူတည်းသောအလ္လာဟ်ဖြစ်တော်မူ၏။ မဟာကရုဏာတော်အရှင်၊ အနန္တဂုဏ်ကောင်းချီးမင်္ဂလာတော်သခင် အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိပေ။
Ghazi Mohammad Hashim
စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် တစ်ပါးတည်းတည်ရှိ‌တော်မူသည့် ကိုးကွယ်ထိုက်‌သောအရှင်သာ အသင်တို့၏အရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ထိုအရှင်မြတ်သည် အနန္တကရုဏာ‌တော်ရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek