×

ဟဂျ်နှင့်အွမ်ရဟ်ကို အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်သက်မှု) အတွက်သာ (စိတ်ရင်းစေတနာ ဖြူစင်စွာ ဖြင့်) ပြီးပြည့်စုံအောင် ပြုကြလော့။ အကယ်၍ (လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် 2:196 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:196) ayat 196 in Burmese

2:196 Surah Al-Baqarah ayat 196 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 196 - البَقَرَة - Page - Juz 2

﴿وَأَتِمُّواْ ٱلۡحَجَّ وَٱلۡعُمۡرَةَ لِلَّهِۚ فَإِنۡ أُحۡصِرۡتُمۡ فَمَا ٱسۡتَيۡسَرَ مِنَ ٱلۡهَدۡيِۖ وَلَا تَحۡلِقُواْ رُءُوسَكُمۡ حَتَّىٰ يَبۡلُغَ ٱلۡهَدۡيُ مَحِلَّهُۥۚ فَمَن كَانَ مِنكُم مَّرِيضًا أَوۡ بِهِۦٓ أَذٗى مِّن رَّأۡسِهِۦ فَفِدۡيَةٞ مِّن صِيَامٍ أَوۡ صَدَقَةٍ أَوۡ نُسُكٖۚ فَإِذَآ أَمِنتُمۡ فَمَن تَمَتَّعَ بِٱلۡعُمۡرَةِ إِلَى ٱلۡحَجِّ فَمَا ٱسۡتَيۡسَرَ مِنَ ٱلۡهَدۡيِۚ فَمَن لَّمۡ يَجِدۡ فَصِيَامُ ثَلَٰثَةِ أَيَّامٖ فِي ٱلۡحَجِّ وَسَبۡعَةٍ إِذَا رَجَعۡتُمۡۗ تِلۡكَ عَشَرَةٞ كَامِلَةٞۗ ذَٰلِكَ لِمَن لَّمۡ يَكُنۡ أَهۡلُهُۥ حَاضِرِي ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴾
[البَقَرَة: 196]

ဟဂျ်နှင့်အွမ်ရဟ်ကို အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်သက်မှု) အတွက်သာ (စိတ်ရင်းစေတနာ ဖြူစင်စွာ ဖြင့်) ပြီးပြည့်စုံအောင် ပြုကြလော့။ အကယ်၍ (လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သင်တို့စွန့်လှူရန် ရည်ရွယ်ထားသည့်) သားကောင် ရောက်လာရန် ကြန့်ကြာခဲ့လျှင် အလွယ်တကူရနိုင်သည့် သားကောင်ကို စွန့်လှူကြလော့။ သို့သော် သားကောင်မှာ (သတ်ဖြတ်စွန့်လှူရန် သတ်မှတ်ထားသည့်နေရာ သို့မဟုတ် ပန်းတိုင်) သို့ မရောက်သရွေ့ သင်တို့၏ဦးခေါင်းဆံပင်ကို မရိတ်ကြလေနှင့်။ မည်သူမဆို (ဦးခေါင်းဆံပင်ရိတ်လျှင် ရောဂါပို ဆိုးစေနိုင်သည့်) ကျန်းမာရေးချို့တဲ့သူ သို့မဟုတ် ဦးခေါင်း၌ အနာရောဂါတစ်ခုခုရှိနေသူဖြစ်ပါက ထိုသူသည် (ဆံပင်ရိတ်ခြင်းအား) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း သို့မဟုတ်၊ အလှူပေးခြင်း သို့မဟုတ် သားကောင်စွန့်လှူခြင်း တစ်ခုခုဖြင့် အစားထိုးနိုင်၏။ မည်သူမဆို အွမ်ရဟ်ကို ဟဂျ်နှင့်တွဲ၍ပြုလုပ် (ရန် ရည်ရွယ်ပြီးထိုသို့ လုပ်ဆောင်ရန် အခွင့်အရေးရ) လျှင် တတ်စွမ်းသော အလွယ်တကူရနိုင်သည့် သားကောင်ကို စွန့်လှူသတ်ဖြတ် နိုင်၏။ အကယ်၍ (သားကောင်ဝယ်ယူရန် မတတ်စွမ်းနိုင်လျှင် သို့မဟုတ် လွယ်ကူစွာ) ရှာမတွေ့လျှင် သူသည် ဟဂျ်အတွင်း သုံးရက် ဟဂျ်ခရီးစဉ်မှ သူ၏နေရပ်သို့ ပြန်ရောက်သည့်အခါ ခုနှစ်ရက် စုစုပေါင်း ဆယ်ရက်အပြည့် ထိုနည်းအတိုင်း ဆွီယာမ်ဥပုသ်ဆောက်တည်ရမည်။ ဤ (စည်းမျဉ်းတော်) သည် အထွတ်မြတ်ဆုံး ဗလီဝတ် ကျောင်းတော် အနီးတဝိုက်၌ မိသားစုဖြင့် အတည်တကျ နေထိုင်သူ မဟုတ်သောသူတို့အတွက်သာ ဖြစ်၏။

❮ Previous Next ❯

ترجمة: وأتموا الحج والعمرة لله فإن أحصرتم فما استيسر من الهدي ولا تحلقوا, باللغة البورمية

﴿وأتموا الحج والعمرة لله فإن أحصرتم فما استيسر من الهدي ولا تحلقوا﴾ [البَقَرَة: 196]

Ba Sein
၁၉၆။ အလ္လာဟ်အတွက် ဟဂျ်ဝတ်နှင့် မက္ကာသွားမှုကိုပြုကြလော့။ အကယ်၍မသွားနိုင်လျှင် ဒုက္ခမဲ့ လွယ်ကူစွာရနိုင်သော အလှူပစ္စည်းများကို ပို့ကြလော့။ ဤပစ္စည်းများသည် ပို့ရာအရပ်သို့ မရောက်သမျှ သင်တို့သည် ခေါင်းမရိပ်ကြလင့်။ သင်တို့အနက် အကြင်သူသည် မကျန်းမမာဖြစ်အ့ံ သို့မဟုတ် ခေါင်းရောဂါဖြစ်အ့ံ ထိုသူသည် ဥပုသ်စောင့်ခြင်း သို့မဟုတ် အလှူပေးခြင်း သို့မဟုတ် သားကောင်သတ်လှူခြင်းဖြင့် အပြစ်ဖြေရမည်။ ၎င်းပြင် သင်တို့သည် လုံခြံုခြင်းကိုရသောအခါ အကြင်သူသည် ဟဂျ်အစား အွန်မရာနှင့်တင်းတိမ်အ့ံ။ ထိုသူသည် လွယ်လင့်တကူ ရနိုင်သော အလှူပစ္စည်းများကိုပေးရမည်။ အကြင်သူသည် ယင်းအလှူပစ္စည်းများကို မရနိုင်လျှင် ထိုသူသည် ဟဂျ်အတွင်း ဥပုသ်သုံးရက်စောင့်ရမည်။ နေရပ်ပြန်ရောက်သောအခါ ဥပုသ်ခုနှစ်ရက်စောင့်ရမည်။ အားလုံး ဆယ်ရက်၊ ဤကျင့်စဉ်တရားသည် ဘေးမဲ့ကျောင်းတော်တည်ရာ မက္ကာရွှေမြို့တော်ကြီး၌ မနေထိုင်သူတို့အဖို့ဖြစ်၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် အပြစ်ဒဏ်ခတ်ရာ၌ ပြင်းထန်သည်ကို မှတ်သား ကြလော့။
Ghazi Mohammad Hashim
ထိုမှတပါး အသင်တို့သည် ဟဂျ် နှင့် အုမ်ရဟ် ကို အလ္လာဟ်အရှင်ကိုသာလျှင် ရည်စူး၍ ပြည့်စုံပြီးစီးအောင် ပြုကြလေကုန်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် (အကြောင်းတစ်စုံတစ်ခုကြောင့် မက္ကာမြို့တော်သို့) မရောက် နိုင်ကြပါမူ ကုရ်ဗာနီသားကောင်များအနက်မှ လွယ်လင့်တကူ ရရှိသော သားကောင်ကိုပင် (အလ္လာဟ် အရှင်မြတ်၏နာမံ တော်နှင့် ကုရ်ဗာန် ပြုကြကုန်လော့)။ ထို့ပြင်တဝ ကုရ်ဗာနီ သားကောင်သည် မိမိ၏ရောက်သင့်ရာစခန်းဖြစ်သော (မိနာ) သို့ မရောက်မီ ကာလအတွင်း အသင်တို့သည် မိမိတို့ ဦးခေါင်းများကို မရိတ်ကြနှင့်။ သို့ရာတွင် အသင် တို့အနက်မှ တစ်ဦး တစ်ယောက်သည် နာမကျန်း ဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ထိုသူ၏ဦးခေါင်း၌ တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်ခဲ့ သော် ထိုသူသည် ဥပုသ်သီတင်း ဆောက်တည်ခြင်းအားဖြင့် သော်လည်းကောင်း၊ (သူဆင်းရဲတို့အားစားသောက် ဘွယ်ရာ များကို) ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း၊ (သား ကောင်ကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်) လှီးဖြတ်ခြင်း အားဖြင့်သော် လည်းကောင်း အစားပေးကြရမည်။ တစ်ဖန် အသင်တို့သည် ဘေးရန်ခပ်သိမ်းကင်း ငြိမ်း၍ စိတ်အေးချမ်းသာ ရှိကြသောအခါ အုမ်ရဟ်ကို ဟဂျ်နှင့် တွဲ၍ အကျိုးခံစားသူသည်လည်း မိမိ တတ်စွမ်းနိုင်သော ကုရ်ဗာနီသားကောင်(ကိုအလ္လာဟ် အရှင်မြတ်၏နာမံတော်နှင့် လှီးဖြတ်ရပေမည်)။ သို့သော် ကုရ်ဗာနီသားကောင် မရရှိ သောသူသည် ဟဂျ်ရက်များအတွင်းတွင် သုံးရက်၊ (ဟဂျ်ပြုပြီး မိမိတို့မြို့ရွာများသို့) ပြန်လည်ရောက်ရှိသောအခါ ခုနစ်ရက် ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည် (သုံးရက်နှင့် ခုနစ် ရက်ပေါင်း) ဆယ်ရက်တိတိဖြစ်၏။ ထို(ကဲ့သို့ အုမ်ရဟ်နှင့် ဟဂျ် ကို ပေါင်းစပ်၍ပြုရန်) အမိန့်တော်သည် ရိုသေကိုင်းညွှတ် ထိုက်သော (ကအ်ဗဟ်) ဗလီကျောင်းတော်၏ အနီးအပါး [(ဝါ) မက္ကဟ်မြို့တော်] ၌ အိမ်ထောင်သားစုမရှိသော (အရပ်တစ်ပါးမှ လာကြကုန်သော) သူတို့အဖို့သာတည်း။ ထို့ပြင်တဝ အသင်တို့ သည် (ဤအမိန့်တော် ရပ်များကို လိုက်နာ ကျင့်မူကြရာ၌) အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကာ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်လော့။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည်(ပြစ်မှုကျူးလွန်သူတို့အား) ပြင်းပြစွာ အပြစ်ဒဏ်ပေးတော်မူမည့်အရှင် ဖြစ်တော် မူသည်ကို သင်တို့မှတ်ယူကြကုန်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် ဟဂျ်*နှင့်အွမ္မရဟ်*ကို အလ္လာဟ်အရှင်မြတ်အတွက်သာ ပြည့်ဝစွာ ပြုလုပ်ကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည်(မက္ကဟ်မ‌ရောက်‌အောင်)အတားအဆီးခံရလျှင် ကုရ်ဗာနီသား‌ကောင်များထဲမှ လွယ်ကူစွာရရှိ‌သော သား‌ကောင်ကို(ကုရ်ဗာနီပြုလုပ်ကြပါ)။ ကုရ်ဗာနီသား‌ကောင်*သည် ‌ရောက်ရမည့်‌နေရာ(ဟရမ် နယ်နမိတ်)သို့ မ‌ရောက်မချင်း အသင်တို့သည် အသင်တို့၏ဦး‌ခေါင်းကို မရိတ်ကြနှင့်။ ထို့ပြင် အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်သည် မကျန်းမမာဖြစ်ခဲ့လျှင်၊ သို့မဟုတ် သူ၏ဦး‌ခေါင်း၌ အနာဖြစ်ခဲ့လျှင် (ကုရ်ဗာနီသား‌ကောင်သည် ‌ရောက်ရမည့်‌နေရာသို့ မ‌ရောက်မီ ‌ခေါင်းရိတ်ခဲ့လျှင်) ထိုသူသည် ‌စွောင်မ်ဥပုသ်‌စောင့်ထိန်းခြင်း၊ သို့မဟုတ် အလှူဒါနပြုခြင်း၊ သို့မဟုတ် သား‌ကောင် လှီးဖြတ်ခြင်းနှင့် ဖိဒ်ယဟ်*အစား‌ပေးရမည်။ ထို့‌နောက် အသင်တို့သည် လုံခြုံစိတ်ချရသည့်အခါ အွမ္မရဟ်နှင့်ဟဂျ်အတူတကွ အကျိုးခံစား‌သောသူသည် လွယ်ကူစွာရရှိ‌သော သား‌ကောင်ကို(အလ္လာဟ်အတွက် သက်သင်လှီးဖြတ်ရမည်)။ ၎င်းပြင် ကုရ်ဗာနီသား‌ကောင် မရရှိ‌သောသူသည် ဟဂျ်ရက်ထဲ၌သုံးရက်၊ (ဟဂျ်မှ)ပြန်‌ရောက်သည့်အခါ ခုနှစ်ရက် ‌စွောင်မ်ဥပုသ်‌စောင့်ရမည်။ ဤသည် ဆယ်ရက်တိတိဖြစ်သည်။ ဤသည် မြင့်မြတ်သည့် ဗလီဝတ်‌ကျောင်း‌တော် မတ်စ်ဂျိဒိဟရာမ် အနီးတဝိုက်တွင် အိမ်သူအိမ်သားများ မရှိသည့်သူများအတွက်သာ ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် ပြင်းထန်စွာအ‌ရေးယူ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်ကို အသင်တို့သိထားကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek