×

ဟဂျ်ပြုရမည့်လသည် လူသိများသော လများအနက်မှ ဖြစ်၏။ မည်သူမဆို ယင်းလ၌ ဟဂျ်တာဝန်ကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားလျှင် ထိုသူသည် ဟဂျ်ကာလအတွင်း ကာမဂုဏ်ခံစားသော 2:197 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:197) ayat 197 in Burmese

2:197 Surah Al-Baqarah ayat 197 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 197 - البَقَرَة - Page - Juz 2

﴿ٱلۡحَجُّ أَشۡهُرٞ مَّعۡلُومَٰتٞۚ فَمَن فَرَضَ فِيهِنَّ ٱلۡحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي ٱلۡحَجِّۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ يَعۡلَمۡهُ ٱللَّهُۗ وَتَزَوَّدُواْ فَإِنَّ خَيۡرَ ٱلزَّادِ ٱلتَّقۡوَىٰۖ وَٱتَّقُونِ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ ﴾
[البَقَرَة: 197]

ဟဂျ်ပြုရမည့်လသည် လူသိများသော လများအနက်မှ ဖြစ်၏။ မည်သူမဆို ယင်းလ၌ ဟဂျ်တာဝန်ကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားလျှင် ထိုသူသည် ဟဂျ်ကာလအတွင်း ကာမဂုဏ်ခံစားသော စိတ်၏အလိုလိုက်မှု၊ သိက္ခာမဲ့သော ယုတ်ညံ့သည့်အပြုအမူနှင့်စကားများ၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကို အလျှင်း မပြုလုပ်ရပေ။ (အရှင် မြတ်နှင့်တမန်တော်မြတ်မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်ပြီး အခြားလူတို့အား ကူညီခြင်းကိုလည်း စေတနာ့ ဝန်ထမ်းအဖြစ်ဆောင်ရွက်သင့်သည်)။ သင်တို့က ကောင်းမှုအဖြစ် ပြုမူဆောင်ရွက်သမျှကို အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့ သိနေတော်မူ၏။ (ဟဂျ်ပြုလုပ်ရန် စိတ်ဆုံးဖြတ်ထားသူများသည် ခရီးစဉ်တစ်လျှောက်လုံးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရန်လို၏။) (ဟဂျ်) ခရီးစဉ် တစ်ခုလုံး၌ လိုအပ်သော) စားနပ်ရိက္ခာအတွက် အစီအစဉ် ရေးဆွဲ၍ (သို့မဟုတ် ခရီးစရိတ် အလုံအလောက်ကို ကြိုတင်ပြင်ဆင်လျှက်) ယူဆောင်ကြလော့။ မုချဧကန်၊ အကောင်းဆုံးစားနပ်ရိက္ခာမှာ သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ပင် ဖြစ်၏။ အို၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့၊ ငါအရှင် မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။

❮ Previous Next ❯

ترجمة: الحج أشهر معلومات فمن فرض فيهن الحج فلا رفث ولا فسوق ولا, باللغة البورمية

﴿الحج أشهر معلومات فمن فرض فيهن الحج فلا رفث ولا فسوق ولا﴾ [البَقَرَة: 197]

Ba Sein
၁၉၇။ ဟာဂျ်ခေါ် မက္ကာဝတ်ပြုသွားခြင်း ပြရသောလများကို လူအများအသိပင်ဖြစ်၏။ အကြင်သူသည် ထိုလများအတွင်း မက္ကာကျောင်းတော်သို့ ဟာဂျ်ဝတ်ပြုရန် အကြံပေါက်၏။ ထိုသူသည် ဟာဂျ် ဝတ်ပြုနေစဉ် ကာမမှု၊ ဆဲဆိုတိုင်းထွာမှု၊ ဒေါသစကားဆိုမှုများကို မကျူးလွန်ရသည်ကို ကောင်းစွာ သတိမူလော့။ သင်တို့ ပြုလုပ်သော ကောင်းမှုဟူသမျှကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏။ ထို့ကြောင့် သင်တို့သည် ခရီးအတွက်လိုအပ်သည့်အလုံးစုံကို စုဆောင်းစီမံထားကြလော့။ သို့သော် အကောင်းဆုံးသော စီမံချက်မှာ ဒုစရိုက်အညစ်အကြေးကို ကြဉ်ရှောင်ခြင်းဖြစ်၏။ ထို့ကြောင့် အို - ပညာရှိတို့ သင်တို့သည် ငါအရှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။
Ghazi Mohammad Hashim
ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။
Hashim Tin Myint
ဟဂျ်(၏အချိန်)သည် သတ်မှတ်သိရှိပြီးဖြစ်သည့်လများပင်ဖြစ်သည်။* သို့ဖြစ်ရာ အကြင်သူသည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန် သတ်မှတ်ခဲ့လျှင် ထိုသူသည် ဟဂျ်(ပြုလုပ်ရန် အိဟ်ရာမ်ရုံထားစဉ်)အတွင်း၌ ကာမ(ဆက်ဆံမှုမပြုရ သည့်အပြင် ၎င်းနှင့်ဆိုင်သည့်) ညစ်ညမ်း‌သောစကားကိုပင် မ‌ပြောရ‌ပေ၊ အပြစ်ကျူးလွန်မှုလည်း မပြုလုပ်ရ‌ပေ၊ ခိုက်ရန်ဖြစ်ပွားမှုကိုလည်း မပြုရ‌ပေ။ ထို့ပြင် အသင်တို့ပြုလုပ်ကြသည့် မည်သည့်‌ကောင်းမှုကိုမဆို အလ္လာဟ်အရှင်မြတ်သိရှိ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် ခရီးစရိတ် ယူ‌ဆောင်သွားကြပါ၊ ထို့ပြင် အမှန်စင်စစ် အ‌ကောင်းဆုံးခရီးစရိတ်သည် သက္ကဝါ‌ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။* သို့ဖြစ်ရာ အို-ဉာဏ်ရှိသူအ‌ပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား (မနာခံခြင်းက‌နေ) ‌ကြောက်ရွံ့ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek