×

(အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်း ပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည် ချေးငှားလိုသူ မည်သူရှိအံ့နည်း။ 2:245 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:245) ayat 245 in Burmese

2:245 Surah Al-Baqarah ayat 245 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 245 - البَقَرَة - Page - Juz 2

﴿مَّن ذَا ٱلَّذِي يُقۡرِضُ ٱللَّهَ قَرۡضًا حَسَنٗا فَيُضَٰعِفَهُۥ لَهُۥٓ أَضۡعَافٗا كَثِيرَةٗۚ وَٱللَّهُ يَقۡبِضُ وَيَبۡصُۜطُ وَإِلَيۡهِ تُرۡجَعُونَ ﴾
[البَقَرَة: 245]

(အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်း ပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည် ချေးငှားလိုသူ မည်သူရှိအံ့နည်း။ ထိုသို့ ချေးငှားလျှင် အလ္လာဟ်အရှင်မြတ်သည် သူချေးငှားခဲ့သည်ကို (ဤလောကီ၌) အဆမတန် မြောက်များစွာ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) ယင်း (၏အကျိုးဆက်) ကို အဆမတန်တိုးပွားစေတော်မူလျှက် လူသားတို့အတွက် ဧကန်မုချပင်၊ သိမ်းထားတော်မူသောအရှင်၊ အလျှံပယ် ချီးမြှင့်တော်မူသောအရှင်ဖြစ်တော်မူပြီး အရှင့်ထံသို့သာ အသင်တို့အားလုံးကို လှည့်ပြန်စေတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: من ذا الذي يقرض الله قرضا حسنا فيضاعفه له أضعافا كثيرة والله, باللغة البورمية

﴿من ذا الذي يقرض الله قرضا حسنا فيضاعفه له أضعافا كثيرة والله﴾ [البَقَرَة: 245]

Ba Sein
၂၄၅။ အဘယ်သူသည် ကောင်းမြတ်သောသဒ္ဒါစေတနာနှင့် အလ္လာဟ်အရှင်မြတ်ကို ကြွေးချေးမည်နည်း။ အရှင်မြတ်သည် ထိုအရင်းငွေကို အဆပေါင်းများစွာ တိုးပွားစေတော်မူမည်။ အရှင်မြတ်သည် ကျဉ်းကြပ်စေတော်မူ၏။ ကျယ်ဝန်းပေါများစေတော်မူ၏။ အရှင်မြတ်အထံတော်သို့ သင်တို့အားလုံး ပြန်ရကြမည်သာတည်း။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်အား ‌ကောင်းမွန်သည့်အ‌ကြွေး*မည်သူ‌ချေးမည်နည်း။ ထို(ကဲ့သို့‌ချေးငှားသည့်)အတွက် အရှင်မြတ်သည် ထိုသူ့အား အဆ‌ပေါင်းများစွာ တိုးပွား‌စေ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ကျပ်တည်း‌စေ‌တော်မူသည်။ ထို့ပြင် ‌ချောင်လည်‌စေ‌တော်မူသည်။ ထို့‌နောက် အသင်တို့သည် အရှင်မြတ်ထံသို့ပင် ပြန်လှည့်ကြရမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek