Quran with Burmese translation - Surah Al-Baqarah ayat 246 - البَقَرَة - Page - Juz 2
﴿أَلَمۡ تَرَ إِلَى ٱلۡمَلَإِ مِنۢ بَنِيٓ إِسۡرَٰٓءِيلَ مِنۢ بَعۡدِ مُوسَىٰٓ إِذۡ قَالُواْ لِنَبِيّٖ لَّهُمُ ٱبۡعَثۡ لَنَا مَلِكٗا نُّقَٰتِلۡ فِي سَبِيلِ ٱللَّهِۖ قَالَ هَلۡ عَسَيۡتُمۡ إِن كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ أَلَّا تُقَٰتِلُواْۖ قَالُواْ وَمَا لَنَآ أَلَّا نُقَٰتِلَ فِي سَبِيلِ ٱللَّهِ وَقَدۡ أُخۡرِجۡنَا مِن دِيَٰرِنَا وَأَبۡنَآئِنَاۖ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ تَوَلَّوۡاْ إِلَّا قَلِيلٗا مِّنۡهُمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ﴾
[البَقَرَة: 246]
﴿ألم تر إلى الملإ من بني إسرائيل من بعد موسى إذ قالوا﴾ [البَقَرَة: 246]
Ba Sein ၂၄၆။ သင်သည် တမန်တော်မူဆာ ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် အစ္စရာအီလ်အမျိုးသားတို့ထဲမှ အကြီးအမှူးခေါင်းဆောင်များအကြောင်းကို စဉ်းစားဆင်ခြင်၍ ကြည့်ရှုလော့။ သူတို့သည် မိမိတို့ထံ စေလွှတ်တော်မူသောတမန်တော်တစ်ပါးအား အို - တမန်တော်ဆိုသူ သင်သည် အကျွန်ု်ပ်တို့ကို ကြီးစိုးအုပ်ချုပ်ရန်ရှင်ဘုရင်တစ်ပါး တင်မြှောက်ပေးလော့။ ထိုအခါ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏သာသနာတော်အတွက် စစ်ခင်းကြမည်ဟု လျှောက်ကြ၏။ တမန်တော်က သင်တို့သည် စစ်တိုက်ရန်ပညတ်တော်မူလျှင် စစ်မတိုက်ဘဲနေကြမည်လောဟုမေးတော်မူ၏။ သူတို့က အကျွန်ုပ်တို့ အား မိမိတို့အိမ်သူအိမ်သားတို့နှင့်တကွ မိမိတို့နေရာအရပ်မှ နှင်ထုတ်ခြင်းခံရပြီးနောက် အကျွန်ုပ်တို့ သည် အလ္လာဟ်အရှင်မြတ်၏ သာသနာရေးအတွက် အဘယ့်ကြောင့် စစ်မတိုက်မည်နည်းဟု လျှောက်ကြ၏။ သို့သော် စစ်တိုက်ရန်ဗျာဒိတ်တော်ကျလာသောအခါ သူတို့အနက် အနည်းငယ်သော သူတို့မှတပါး အခြားသူတို့သည် ကျောခိုင်းပြေးကြ၏။ အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုကို ပြုကျင့်သူတို့အား သိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အသင်(တမန်တော်)သည် တမန်တော်မူစာ(၏ခေတ်ကာလ)ပြီးနောက် အစ္စရာအီလ်မျိုးနွယ်များထဲမှ အကြီးအကဲများ(၏အဖြစ်)ကို မသိမြင်ပါသလော။ တစ်ခါက သူတို့သည် သူတို့၏နဗီတမန်တော်ကို (ဤသို့)တောင်းဆိုခဲ့ကြသည်၊ “ကျွန်ုပ်တို့အတွက် ဘုရင်တစ်ပါး ခန့်ပေးပါ၊ ကျွန်ုပ်တို့သည် အရှင်မြတ်၏လမ်းတွင် တိုက်ခိုက်ကြပါမည်။“ ထို့နောက် နဗီတမန်တော်က ပြောဆိုသည်၊ အကယ်၍ အသင်တို့အပေါ်တွင် စစ်တိုက်ရန်အမိန့် ပြဋ္ဌာန်းခြင်းခံရလျှင် အသင်တို့သည် စစ်မတိုက်ဘဲ နေကောင်းနေကြလိမ့်မည် မဟုတ်လော။ သူတို့က ပြောဆိုကြသည်၊ ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မတိုက်ရန် မည်သည့်အကြောင်းရှိတော့မည်နည်း၊ အမှန်ပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အိုးအိမ်စည်းစိမ်နှင့် သားသမီးများမှ ခွဲခွာနှင်ထုတ်ခြင်းခံခဲ့ရပြီဖြစ်သည်။ ထို့နောက် သူတို့အပေါ်တွင် စစ်တိုက်မိန့် ပြဋ္ဌာန်းခြင်းခံရသည့်အခါ သူတို့ထဲမှ အနည်းငယ်မှလွဲ၍(ကျန်အားလုံးသည်) ကျောခိုင်းသွားကြတော့သည်။ ထို့ပြင် အရှင်မြတ်သည် မတရားကျူးလွန်သူများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |