Quran with Burmese translation - Surah Al-Baqarah ayat 261 - البَقَرَة - Page - Juz 3
﴿مَّثَلُ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ كَمَثَلِ حَبَّةٍ أَنۢبَتَتۡ سَبۡعَ سَنَابِلَ فِي كُلِّ سُنۢبُلَةٖ مِّاْئَةُ حَبَّةٖۗ وَٱللَّهُ يُضَٰعِفُ لِمَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ ﴾
[البَقَرَة: 261]
﴿مثل الذين ينفقون أموالهم في سبيل الله كمثل حبة أنبتت سبع سنابل﴾ [البَقَرَة: 261]
Ba Sein ၂၆၁။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်ဝယ် မိမိဥစ္စာပစ္စည်းများကို သုံးစွဲသောသူတို့၏ ဥပမာကား စပါးစေ့ တစ်စေ့မှ စပါးနှံ ဆယ်နှံပေါက်၍ တစ်နှံတွင် စပါးစေတစ်ရာသီးသော မျိုးစပါးစေ့နှင့်တူ၏။ အလ္လာဟ် အရှင်မြတ်သည် အလိုတော်ရှိသူအား ဥစ္စာပစ္စည်းဆပေါင်းများစွာ တိုးပွားစေတော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ဂရုစိုက်တော်မူသောအရှင်၊ သိမြင်တော်မူသော အရှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်း သုံးစွဲသူတို့၏ (အလှူပစ္စည်းများသည်) အကြင်မျိုးစေ့ နှင့်အလားတူ၏။ ယင်းမျိုးစေ့သည် ကောက်နှံခုနှစ်နှံကို ပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင် အစေ့ပေါင်း တစ်ရာစီပါရှိလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့အဖို့ (ယင်းကဲ့သို့ပင်) ဆထက်ထမ်းပိုး တိုးပွားစေတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် ရက်ရောစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်း တို့ကိုအြွကင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။ |
Hashim Tin Myint မိမိတို့၏ ပစ္စည်းဥစ္စာများကို အလ္လာဟ်အရှင်မြတ်၏လမ်းတွင်* သုံးစွဲလှူဒါန်းသူတို့၏ပမာသည် ကောက်နှံခုနှံပေါက်စေသည့် မျိုးစေ့နှင့်တူသည်။ ထိုကောက်နှံတစ်နှံစီတွင် အစေ့ပေါင်း တစ်ရာစီပါရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူအတွက် ဆထက်ထမ်းပိုး တိုးပွားစေတော်မူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |