Quran with Burmese translation - Surah Al-Baqarah ayat 262 - البَقَرَة - Page - Juz 3
﴿ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ ثُمَّ لَا يُتۡبِعُونَ مَآ أَنفَقُواْ مَنّٗا وَلَآ أَذٗى لَّهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴾
[البَقَرَة: 262]
﴿الذين ينفقون أموالهم في سبيل الله ثم لا يتبعون ما أنفقوا منا﴾ [البَقَرَة: 262]
Ba Sein ၂၆၂။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်ဝယ် မိမိတို့၏ ပစ္စည်းဥစ္စာကို သုံးစွဲ၏။ ထို့နောက် ထိုအလှူပေးခြင်းကြောင့် ယူကျုံးမရလည်းမဖြစ်၊ နစ်နာဆုံးရှုံးခြင်းလည်းမဖြစ်၊ ထိုသူတို့အဖို့ အောင်ဆု မင်္ဂလာတော်သည် သူတို့ကို ဖန်ဆင်းမွေးမြူတော်မူထသော ကျေးဇူးတော်သခင် အထံတော်၌ အသင့် ရှိသူ။ သူတို့အပေါ်သို့ စိုးရိမ်ကြောင့်ကြစရာ ကျရောက်မည်မဟုတ်ပေ။ သူတို့ ပူဆွေးကြမည်လည်း မဟုတ်ပေ။ |
Ghazi Mohammad Hashim အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်းသုံးစွဲကြကုန်၏။ ထိုကဲ့သို့ပေးကမ်းစွန့်ကြဲ သုံးစွဲပြီးသည့်နောက်ယင်းသူတို့သည် (မိမိတို့ စွန့်ကြဲပေးကမ်းသော သူဆင်းရဲတို့အား) ဂုဏ်ဖေါ်ခြင်းလည်းမပြုကြချေ၊ ထိုနည်းတူစွာ မည်သည့်ဒုက္ခ ရောက်စေခြင်းကိုမှလည်း မပြုကြချေ။ ထိုကဲ့သို့သောသူတို့အဖို့ ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ ကုသိုလ်အကျိုးများရှိသည်။ ယင်း သူတို့အဖို့မည်သည့်စိုးရိမ်ကြောင့် ကြခြင်းမျှလည်းမရှိ။ ယင်းသူတို့သည်ပူဆွေးကြမည်လည်း မဟုတ်ကြချေ။ |
Hashim Tin Myint အကြင်သူများသည် သူတို့၏ ပစ္စည်းဥစ္စာများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲလှူဒါန်းကြသည်။ ထို့နောက် သူတို့သည် သူတို့သုံးစွဲလှူဒါန်းသည့်အရာများကို ကျေးဇူးဂုဏ်ဖော်ခြင်းလည်းမပြုကြပေ၊ ထို့နောက် ဒုက္ခလည်းမပေးကြပေ။ ထိုသူများအတွက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံတွင် အကျိုးကုသိုလ်များရှိသည်။ သူတို့အပေါ်တွင် မည်သည့်အရာမျှ စိုးရိမ်စရာမရှိပေ၊ ထို့ပြင် သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေ။ |