Quran with Burmese translation - Surah Al-Baqarah ayat 260 - البَقَرَة - Page - Juz 3
﴿وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ أَرِنِي كَيۡفَ تُحۡيِ ٱلۡمَوۡتَىٰۖ قَالَ أَوَلَمۡ تُؤۡمِنۖ قَالَ بَلَىٰ وَلَٰكِن لِّيَطۡمَئِنَّ قَلۡبِيۖ قَالَ فَخُذۡ أَرۡبَعَةٗ مِّنَ ٱلطَّيۡرِ فَصُرۡهُنَّ إِلَيۡكَ ثُمَّ ٱجۡعَلۡ عَلَىٰ كُلِّ جَبَلٖ مِّنۡهُنَّ جُزۡءٗا ثُمَّ ٱدۡعُهُنَّ يَأۡتِينَكَ سَعۡيٗاۚ وَٱعۡلَمۡ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٞ ﴾
[البَقَرَة: 260]
﴿وإذ قال إبراهيم رب أرني كيف تحي الموتى قال أو لم تؤمن﴾ [البَقَرَة: 260]
Ba Sein ၂၆ဝ။ တမန်တော်အီဗရာဟီမ်သည် မိမိ၏အရှင်သခင်အား အို - အကျွနု်ပ်၏ အရှင်သခင်၊ အရှင်သည် သေသူများအား မည်သို့ ပြန်ရှင်စေတော်မူသည်ကို အကျွန်ုပ်အား ပြသတော်မူပါဟု တင်လျှောက်၏ အရှင်မြတ်က အို - အီဗရာဟီမ် သင်သည် ငါ့ကို မယုံကြည်လောဟု မိန့်တော်မူ၏။ သူက ယုံကြည် ပါသည် အရှင်၊ သို့သော် အကျွန်ုပ် စိတ်နှလုံးချမ်းသာဖို့ရာ အကျွန်ုပ်မေးမြန်းတင်လျှောက်ပါ၏ အရှင်ဟု လျှောက်၏။ သူ၏ အရှင်သခင်က အို - အီဗရာဟီမ်၊ ငှက်လေးကောင်ကို ဖမ်းဆီး၍ သင်ခေါ်သောအခါလာရန် သင်ကြားလော့။ ထို့နောက် ထိုငှက်များကို အပိုင်းပိုင်းခုတ်ပြီးလျှင် တောင်များပေါ်တွင် တစ်ပိုင်းစီတင်ထားလော့။ ထို့နောက် ငှက်များကို ခေါ်လော့။ သူတို့သည် သင့်ထံသို့ အလျင်အမြန်လာကြလိမ့်မည်ဟု မိန့်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အနန္တ တန်ခိုး တော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim င်းပြင် (အို-နဗီတမန်တော်) အသင်သည် ပြနလည်အောက်မေ့ သတိရပါလေ။ တရံရောအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)သည် (အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) သေသူများအား မည်သည့်နည်းဖြင့် ရှင်စေတော်မူမည်ကို ကျွန်တော်မျိုးအားပြသတော်မူပါ။ထိုအခါ အလ္လာဟ်အရှင်မြတ်က “ (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည် (သေသူတို့အား ငါအရှင်မြတ်ရှင်ပြန်ထစေတော်မူမည်ကို) မယုံကြည်ပါသလော” ဟုမေးမြန်းတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)က ထိုသို့မဟုတ်ပါ၊ မုချပင်ယုံကြည်ပါ၏။ သို့ရာတွင်မိမိစိတ် နှစ်သိမ့်ကျေနပ်ရန်အလို့ငှါ(လျှောက်ထားခြင်းသာဖြစ်ပါသည်)ဟု လျှောက်ထားလေသည်။ ထို့အခါ အလ္လာဟ်အရှင်မြတ်က “သို့ဖြစ်လျှင် (အို-အစ်ဗ်ရာဟီမ်) အသင်သည်ငှက်သတ္တဝါလေးကောင်ကို(ဖမ်း)ယူပြီးလျှင် ထိုငှက်သတ္တဝါများကို မိမိထံ၌ အပိုင်းပိုင်းဖြတ်တောက်၍ (မိမိပတ်ဝန်းကျင်၌ရှိသော) တောင်အသီးသီးတို့ပေါ်ဝယ် ထားပါလေ။ ထို့နောက်သင်သည် ယင်းငှက်သတ္တဝါတို့ကို ဟစ်အော်၍ ခေါ်ပါလေ။ယင်း ငှက်သတ္တဝါတို့သည် (ရှင်ပြန်ထ၍) အသင့်ထံပြေး၍လာကြလိမ့်မည်။ ထို့ပြင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ဘုန်းတန်ခိုး အာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကို အသင်ယုံကြည်မှတ်ယူပါလေ” ဟု မိန့်ကြားတော်မူလေသတည်း။ |
Hashim Tin Myint ထို့ပြင် တစ်ခါက (တမန်တော်)အိဗ်ရာဟီမ်သည် ပြောဆိုခဲ့သည်၊ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် သေသူများကို မည်သည့်နည်းဖြင့် ရှင်အောင်ပြုလုပ်တော်မူသည်ကို ကျွန်ုပ်အား ပြသတော်မူပါ။* အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ အသင်(တမန်တော်)သည် (ထိုအရာကို) မယုံကြည်ပါသလော။ ၎င်း(တမန်တော်)က ပြောဆိုသည်၊ အဘယ့်ကြောင့်မယုံရပါမည်နည်း၊ အမှန်ယုံကြည်ပါသည်။ သို့ရာတွင် ကျွန်ုပ်စိတ်ကျေနပ်(တင်းတိမ်)ရန်အတွက်ပင် (မေးရခြင်း)ဖြစ်ပါသည်။ (အရှင်မြတ် ဖန်ဆင်းနိုင်ကြောင်းကို မမြင်ရဘဲနှင့် မှန်ကန်သည်ဟု သိရှိယုံကြည်လိုက်ခြင်းဖြင့်လည်း အီမာန်အတွက် လုံလောက်ပြီးဖြစ်သည်။) (ထိုအခါ)အရှင်မြတ်က မိန့်တော်မူသည်၊ သို့ဖြစ်လျှင် အသင်သည် ငှက်လေးကောင်ကို ယူပြီးနောက် အသင့်ထံတွင် သူတို့အား(ဇဗဟ် လုပ်ပြီး) အပိုင်းပိုင်းဖြတ်တောက်လိုက်ပါ။* ထို့နောက် ထိုထဲမှ တစ်ပိုင်းစီကို တောင်တစ်ခုစီ အပေါ်တင်ထားလိုက်ပါ။ ထို့နောက် အသင်သည် ထိုငှက်များကို ဟစ်ခေါ်လိုက်ပါ။ ထိုငှက်များသည် (ပြန်ရှင်ပြီး) အသင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကို အသင်သိလိုက်ပါ။ |