Quran with Burmese translation - Surah Al-Baqarah ayat 266 - البَقَرَة - Page - Juz 3
﴿أَيَوَدُّ أَحَدُكُمۡ أَن تَكُونَ لَهُۥ جَنَّةٞ مِّن نَّخِيلٖ وَأَعۡنَابٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ لَهُۥ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَأَصَابَهُ ٱلۡكِبَرُ وَلَهُۥ ذُرِّيَّةٞ ضُعَفَآءُ فَأَصَابَهَآ إِعۡصَارٞ فِيهِ نَارٞ فَٱحۡتَرَقَتۡۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَتَفَكَّرُونَ ﴾
[البَقَرَة: 266]
﴿أيود أحدكم أن تكون له جنة من نخيل وأعناب تجري من تحتها﴾ [البَقَرَة: 266]
Ba Sein ၂၆၆။ စွန်ပလွန်၊ သဗျစ်စသော အပင်အမျိုးမျိုးပေါက်ရောက်နေသည့် ဥယျာဉ်ကြီးတစ်ခုရှိ၏။ ထိုဥယျာဉ်အောက်တွင် မြစ်ချောင်းအသွယ်သွယ် စီးဆင်းချက်ရှိ၏။ ဥယျာဉ်ရှင်တို့အဖို့ ထိုဥယျာဉ်၌ အသီးအဖုအမျိုးမျိုးရှိ၏။ ဥယျာဉ်ရှင်သည် အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်းဖြစ်လာ၏။ သား သမီးတို့လည်း ငယ်ရွယ်နုနယ်ကြ၏။ ထိုအခါ တေဇော်ဓါတ်မီးပါရှိသော လေပွေကြီးသည် ဥယျာဉ် ကို တိုက်ခတ်၍မီးလောင်ကျွမ်းသွား၏။ သင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ထိုဥယျာဉ် မျိုးကို မက်မောသလော။ သင်တို့တွေးတော ဆင်ခြင်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ပညတ် တရားတော်များကို ဤကဲ့သို့ ထင်ရှားရှင်းလင်းစေတော်မူ၏။ |
Ghazi Mohammad Hashim အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။ |
Hashim Tin Myint အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် (ဤကဲ့သို့ဖြစ်ခြင်းကို) နှစ်သက်ပါသလော၊ ထိုသူ့တွင် စွန်ပလွန်နှင့် စပျစ်ဥယျာဉ်တစ်ခုရှိသည်၊ ထိုဥယျာဉ်အောက်မှ စမ်းရေချောင်းများ စီးဆင်းနေသည်။ ထိုဥယျာဉ်ထဲတွင် ထိုသူ့အတွက် သစ်သီးဝလံမျိုးစုံရှိသည်။ ၎င်းနောက် ထိုသူသည် အသက်အရွယ်ကြီးရင့်မှု ဆိုက်ရောက်လာ၍ အင်အားချည့်နဲ့သည့် သားသမီးများကလည်းရှိသည်။ ထို့နောက် လောင်မီးပါသည့်မုန်တိုင်းသည် ထိုဥယျာဉ်ပေါ်တွင်ကျရောက်ပြီး ထိုဥယျာဉ်သည် လောင်ကျွမ်းသွားတော့သည်။ (ဤသည်မှာ အလှူဒါနကို ဂုဏ်ဖော်ခြင်း၊ ပြစားခြင်း၊ စိတ်ဒုက္ခပေးများဖြင့် ဖျက်ဆီးသူ၏ပမာပင်ဖြစ်သည်။) ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့စဉ်းစားကြရန် အသင်တို့အတွက် အာယသ်တော်များကို ရှင်းပြတော်မူသည်။ |