Quran with Burmese translation - Surah Al-Baqarah ayat 267 - البَقَرَة - Page - Juz 3
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَنفِقُواْ مِن طَيِّبَٰتِ مَا كَسَبۡتُمۡ وَمِمَّآ أَخۡرَجۡنَا لَكُم مِّنَ ٱلۡأَرۡضِۖ وَلَا تَيَمَّمُواْ ٱلۡخَبِيثَ مِنۡهُ تُنفِقُونَ وَلَسۡتُم بِـَٔاخِذِيهِ إِلَّآ أَن تُغۡمِضُواْ فِيهِۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ غَنِيٌّ حَمِيدٌ ﴾
[البَقَرَة: 267]
﴿ياأيها الذين آمنوا أنفقوا من طيبات ما كسبتم ومما أخرجنا لكم من﴾ [البَقَرَة: 267]
Ba Sein ၂၆၇။ အို - ယုံကြည်သူတို့ သင်တို့သည် မိမိတို့ရှာဖွေစုဆောင်းရသောပစ္စည်းများ၊ သင် ထွန်ယက် စိုက်ပျိုး ၍ ရသော ကောက်ပဲသီးနှံများမှ ကောင်းမွန်သောပစ္စည်း၊ အသီးအနှံများကို လှူဒါန်းကြလော့။ မိမိကိုယ်တိုင် မနှစ်သက် မသုံးဆောင်သော မသန့်ရှင်း မစင်ကြယ်သောပစ္စည်းများကို မရှာဖွေ မလှူကြကုန်လင့်၊ သိကြလော့။ အလ္လာဟ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော် မူ၏။ ချီးမွမ်းခြင်းတည်ရာ ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့သေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့ရှာဖွေရရှိသည့် သန့်ပြန့်(ကောင်းမွန်)သည့် ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းကြပါ၊ ၎င်းပြင် အသင်တို့အတွက် ငါအရှင်မြတ်က မြေမှထွက်စေသည့် (သတ္ထု၊ သစ်သီးဝလံ စသည့်)အရာများထဲမှလည်း (သုံးစွဲလှူဒါန်းကြပါ)။ ထို့ပြင် အသင်တို့သည် မသန့်ပြန့်(ညံ့ဖျင်း)သည့် ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်း စိတ်ပင်မကူးကြနှင့်။ အသင်တို့ကိုယ်တိုင်လည်း ထို(ညံ့ဖျင်းသည့်)အရာများကို ယူကြမည့်သူများ မဟုတ်ကြပေ၊ သို့ရာတွင် (မလွှဲမရှောင်သာ) မျက်စိမှိတ်ပြီးမှသာ ယူကြမည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသည်ကို အသင်တို့ သိထားကြပါ။ |