Quran with Burmese translation - Surah Al-Baqarah ayat 273 - البَقَرَة - Page - Juz 3
﴿لِلۡفُقَرَآءِ ٱلَّذِينَ أُحۡصِرُواْ فِي سَبِيلِ ٱللَّهِ لَا يَسۡتَطِيعُونَ ضَرۡبٗا فِي ٱلۡأَرۡضِ يَحۡسَبُهُمُ ٱلۡجَاهِلُ أَغۡنِيَآءَ مِنَ ٱلتَّعَفُّفِ تَعۡرِفُهُم بِسِيمَٰهُمۡ لَا يَسۡـَٔلُونَ ٱلنَّاسَ إِلۡحَافٗاۗ وَمَا تُنفِقُواْ مِنۡ خَيۡرٖ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ ﴾
[البَقَرَة: 273]
﴿للفقراء الذين أحصروا في سبيل الله لا يستطيعون ضربا في الأرض يحسبهم﴾ [البَقَرَة: 273]
Ba Sein ၂၇၃။ အလှူဒါနသည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကိုထမ်းဆောင်နေရ၍ ဆင်းရဲနွမ်းပါးသူတို့နှင့် ရောင်းဝယ်ဖောက်ကားရန် အရပ်ရပ်သို့ မသွားမလာနိုင်သူတို့အဖို့ဖြစ်၏။ မစဉ်းစား မဆင်ခြင်သော သူတို့က ဤသူများသည် အလှူမခံကြသောကြောင့် သူတို့သည် ဖူလုံကြသည်ဟု ထင်မှတ်ကြ၏။ အို - တမန်တော် သင်သည် သူတို့အား သူတို့၏ဟန်ပန်အမူအရာအားဖြင့် သိနိုင်၏။ သူတို့သည် သူများထံမှ အပူတပြင်း အလှူမခံကြချေ။ သင်တို့သည် မည်သည့်သန့်စင်ကောင်းမွန်သော အရာဝထ္ထု မဆိုလှူ၏။ ထိုအလှူကို အလ္လာဟ်အရှင်မြတ်သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim (အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်) ကမ္ဘာမြေပြင်ဝယ် သွားလာခြင်းကို မစွမ်းနိုင်ကြပေ။ (တဖန် ယင်းသူတို့၏ ဣန္ဒြေစောင့်စည်းခြင်းကြောင့် မသိနားမလည် သောနွမ်းပါးကြောင်းကို)သိမြင်နိုင်ပေသည်။ ယင်းသူတို့သည် လူတို့ထံ တွယ်ကပ်၍ တောင်းရမ်းခြင်းကိုလည်း မပြုကြချေ။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့) ဥစ္စာပစ္စည်း အနက်မှပေးကမ်းစွန့်ကြဲ သုံးစွဲကြသော အလှူဒါန များကို အလ္လာဟ်အရှင်မြတ်သည် အြွကင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူချေသတည်း။ |
Hashim Tin Myint (အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် ဝိုင်းဝန်းပိတ်ဆို့ခြင်းခံနေကြရသည့်* ဆင်းရဲသားများအတွက်ဖြစ်သည်။ သူတို့သည် (သူတို့ဝမ်းစာရှာရန်) ကမာ္ဘမြေတွင် သွားလာနိုင်ခြင်းမရှိကြပေ။ သိက္ခာစောင့်စည်း (ပြီး သူတို့လိုအပ်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော)ကြောင့် မသိနားမလည်သူများက သူတို့ကို ချမ်းသာကြွယ်ဝသူများဟု ထင်မှတ်ကြသည်။ အသင်(တမန်တော်)သည် သူတို့အား သူတို့၏ အသွင်အပြင် လက္ခာနှင့်ပင် (ဆင်းရဲသည်ကို) သိနိုင်သည်။သူတို့သည် လူများထံတွင် ဇွတ်အတင်း တွယ်ကပ်လျှက် မတောင်းကြပေ။ ထို့ပြင် အသင်တို့သည် ကောင်းသည့်အရာထဲမှ မည်သည့်အရာကို လှူသည်ဖြစ်စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |