×

ရစူလ်တမန်တော်နှင့်ယုံကြည်သူအားလုံးက အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာစေတမန်များ၊ အရှင့်ကျမ်းတော်များနှင့်အရှင့်ရစူလ်တမန်တော်များကို (ဖြူစင်စွာ) ယုံကြည်ကြ၍ ကျွန်ုပ်တို့သည် အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်ကိုမျှ တစ်ပါးနှင့်တစ်ပါးကြားဝယ် ခွဲခြားခြင်းမပြုဘဲ (ယုံကြည်လျှက်) 2:285 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:285) ayat 285 in Burmese

2:285 Surah Al-Baqarah ayat 285 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 285 - البَقَرَة - Page - Juz 3

﴿ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيۡهِ مِن رَّبِّهِۦ وَٱلۡمُؤۡمِنُونَۚ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّن رُّسُلِهِۦۚ وَقَالُواْ سَمِعۡنَا وَأَطَعۡنَاۖ غُفۡرَانَكَ رَبَّنَا وَإِلَيۡكَ ٱلۡمَصِيرُ ﴾
[البَقَرَة: 285]

ရစူလ်တမန်တော်နှင့်ယုံကြည်သူအားလုံးက အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာစေတမန်များ၊ အရှင့်ကျမ်းတော်များနှင့်အရှင့်ရစူလ်တမန်တော်များကို (ဖြူစင်စွာ) ယုံကြည်ကြ၍ ကျွန်ုပ်တို့သည် အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်ကိုမျှ တစ်ပါးနှင့်တစ်ပါးကြားဝယ် ခွဲခြားခြင်းမပြုဘဲ (ယုံကြည်လျှက်) တမန်တော်မြတ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ ရစူလ်တမန် တော် (မုဟမ္မဒ်) အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်သမျှကို ယုံကြည်ကြသည်။ သူတို့က “(အရှင်မြတ် ချမှတ်ပေးအပ်သမျှနှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ ကြားနာကြပါ၏။ နာခံလိုက်နာကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အသနားခံလျှောက်တင်ပါ၏။ ကျွန်ုပ်တို့ဘဝ၏နောက်ဆုံးခရီးပန်းတိုင်မှာ အရှင့်ထံသို့သာ ဖြစ် (ကြောင်း သိနားလည်ကြပါ) ၏။” ဟု ပြောဆိုကြခဲ့သည်။

❮ Previous Next ❯

ترجمة: آمن الرسول بما أنـزل إليه من ربه والمؤمنون كل آمن بالله وملائكته, باللغة البورمية

﴿آمن الرسول بما أنـزل إليه من ربه والمؤمنون كل آمن بالله وملائكته﴾ [البَقَرَة: 285]

Ba Sein
၂၈၅။ တမန်တော်သည် မိမိအရှင်သခင် ထုတ်ပြန်ချပေးသနားတော်မူသည်ကို ယုံကြည်လေးစား၏။ ယုံကြည်သူတို့လည်းထိုနည်းတူ ယုံကြည်ကြ၏။ သူတို့ အားလုံးပင် အလ္လာဟ်အရှင်မြတ်၏ ကောင်းကင်တမန်တော်များ၊ အရှင်မြတ်၏ ကျမ်းတော်များ၊ အရှင်မြတ်၏လူသားတမန်တော်များကို ယုံကြည်ကြ၏။ အကျွန်ုပ်တို့သည် တမန်တော်အပေါင်းမှ တစ်ဦးဦးကိုမျှ ခွဲခြားခြင်းမပြုဟု သူတို့ ဆိုကြ၏။ ထို့ပြင် သူတို့က အကျွန်ုပ်တို့သည် ကြားရပါ၏။ နာခံပါ၏။ အို - အကျွန်ုပ်တို့အရှင်သခင် အကျွန်ု်ပ်တို့အား အပြစ်လွှတ်တော်မူပါ။ အကျွန်ုပ်တို့သည် အရှင်၏ အထံတော်သို့ ပြန်ရကြပါမည်။
Ghazi Mohammad Hashim
ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)နှင့်တကွ ယုံကြည်သူ’ ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။
Hashim Tin Myint
တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ၎င်းထံသို့ချ‌ပေးသည့်အရာ (ကုရ်အာန်ကျမ်း‌တော်)ကို ယုံကြည်ခဲ့‌ပေပြီ။*ထို့ပြင် အီမာန်ယုံကြည်သူများအားလုံးသည်လည်း ယုံကြည်ခဲ့ကြ‌ပေပြီ။ သူတို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏‌ကောင်းကင်တမန်‌တော်များ၊ အရှင်မြတ်၏ကျမ်းဂန်များနှင့် အရှင်မြတ်၏ ရစူလ်တမန်‌တော်များအားလုံးကို ယုံကြည်ခဲ့ကြသည်။ (သူတို့က ‌ပြောဆိုကြသည်) ကျွန်ုပ်တို့သည် အရှင်မြတ်၏ရစူလ်တမန်‌တော်များထဲမှ မည်သည့်ရစူလ်တမန်‌တော်တစ်ပါးကိုမျှ ခွဲခြားခြင်းမပြုကြ‌ပေ။ (အားလုံးကို ယုံကြည်ကြပါသည်။) ထို့ပြင် သူတို့သည် (အရှင်မြတ်ထံ) ‌ပြောဆို‌လျှောက်ထားကြသည်၊ “ကျွန်ုပ်တို့သည် (အမိန့်‌တော်များကို) ကြားကြပြီး လိုက်နာခဲ့ကြပါသည်။ အို- ကျွန်ုတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့်‌ပေးသနား‌တော်မူခြင်းကို (ကျွန်ုပ်တို့ လိုလား‌တောင့်တကြပါသည်)။ ၎င်းပြင် ‌နောက်ဆုံးပြန်လှည့်ရာစခန်းသည်လည်း အရှင်မြတ်ထံ၌သာ ဖြစ်ပါသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek