×

(အရှင်မြတ်က လူသားတို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်သူတို့၏နှလုံးသားများထဲ၌ ကြံရွယ်သမျှတို့ အတွက်ပါ စစ်ဆေးမေးမြန်း၍ အရေးယူတော်မူမည်ကို စိုးရိမ်လျှက် ပူပင်သောကရောက်နေသူတို့အား) အလ္လာဟ်အရှင်မြတ်သည် (စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် 2:286 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:286) ayat 286 in Burmese

2:286 Surah Al-Baqarah ayat 286 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 286 - البَقَرَة - Page - Juz 3

﴿لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا وُسۡعَهَاۚ لَهَا مَا كَسَبَتۡ وَعَلَيۡهَا مَا ٱكۡتَسَبَتۡۗ رَبَّنَا لَا تُؤَاخِذۡنَآ إِن نَّسِينَآ أَوۡ أَخۡطَأۡنَاۚ رَبَّنَا وَلَا تَحۡمِلۡ عَلَيۡنَآ إِصۡرٗا كَمَا حَمَلۡتَهُۥ عَلَى ٱلَّذِينَ مِن قَبۡلِنَاۚ رَبَّنَا وَلَا تُحَمِّلۡنَا مَا لَا طَاقَةَ لَنَا بِهِۦۖ وَٱعۡفُ عَنَّا وَٱغۡفِرۡ لَنَا وَٱرۡحَمۡنَآۚ أَنتَ مَوۡلَىٰنَا فَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ﴾
[البَقَرَة: 286]

(အရှင်မြတ်က လူသားတို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်သူတို့၏နှလုံးသားများထဲ၌ ကြံရွယ်သမျှတို့ အတွက်ပါ စစ်ဆေးမေးမြန်း၍ အရေးယူတော်မူမည်ကို စိုးရိမ်လျှက် ပူပင်သောကရောက်နေသူတို့အား) အလ္လာဟ်အရှင်မြတ်သည် (စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေးနှင့်အစွမ်းအစများ ပေးအပ်တော်မူခြင်းခံရသော မည်သည့် မျိုးစေ့ဗီဇကိုမျှ သို့မဟုတ်) မည်သူ့ကိုမျှ (ယင်း သို့မဟုတ်) သူ၏အစွမ်းအစနှင့်အညီမှအပ (တာဝန်ယူမှု၊ တာဝန်ခံမှု၏) ဝန်ထုပ်ဝန်ပိုးတို့ကို ထမ်းရွက်စေတော်မမူပေ။ ယင်း၏ (ရည်ရွယ်ချက်၊ ကြံစည် မှုနှင့်အညီ) ပြုမူကျင့်ကြံလုပ်ဆောင်၍ ရှာမှီးရယူသမျှသည် ယင်းတို့အတွက်သာ ဖြစ်ပြီး ထိုသို့ပြုမူကျင့် ကြံလုပ်ဆောင်သမျှအတွက်သာ ယင်းအပေါ်၌ (အစစ်ဆေးခံရန်) တာဝန်ရှိ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (အကယ်၍ ကျွန်ုပ်တို့က တာဝန်ကျေပွန်ရန်) မေ့လျော့ခဲ့သည်ဖြစ်စေ၊ သို့တည်းမဟုတ် ချွတ်ချော်မှားယွင်းမိသည်ဖြစ်စေ (ယင်းတို့အတွက်) ကျွန်ုပ်တို့အား အရေးယူတော်မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့ မတိုင်မီ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူတို့ (၏ပခုံးများအ) ပေါ် (ကြီးလေးသော တာဝန်ဝတ္တရား ဝန်ထုပ်များအား) ထမ်းဆောင်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့အပေါ်၌လည်း ထမ်းဆောင်စေတော် မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏စွမ်းရည်စွမ်းပကားဖြင့် မတတ်စွမ်း၊ မဆောင်ရွက်နိုင်သည့်အရာအား ထမ်းရွက်စေတော်မမူပါနှင့်။ ကျွန်ုပ်တို့ထံမှ (ကျွန်ုပ်တို့၏ချွတ်ချော်မှားယွင်းမှုများကို) ဥပေက္ခာပြုတော်မူလျှက် ကင်းလွတ်စေတော်မူ၍ ဖယ်ရှားပေး သနားတော်မူပါ။ ကျွန်ုပ်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့အပေါ် အရှင့်ကရုဏာတော် သက်ရောက်စေတော်မူပါ။ အသင်အရှင်မြတ်သည် ကျွန်ုပ်တို့၏အုပ်ထိန်းစောင့်ရှောက်သူ ဖြစ်တော်မူသည့်အပြင် ကျွန်ုပ်တို့အား မယုံကြည်သော (အမှန်တရားကိုဖီဆန်ငြင်းပယ်သော) လူမျိုးတို့အပေါ် (လွှမ်းမိုးနိုင်ရန်) ကူညီစောင်မတော်မူပါ။

❮ Previous Next ❯

ترجمة: لا يكلف الله نفسا إلا وسعها لها ما كسبت وعليها ما اكتسبت, باللغة البورمية

﴿لا يكلف الله نفسا إلا وسعها لها ما كسبت وعليها ما اكتسبت﴾ [البَقَرَة: 286]

Ba Sein
၂၈၆။ အလ္လာဟ်အရှင်မြတ်သည် မည်သည့်ဝိညာဉ်အပေါ်သို့မျှ ၎င်း၏အင်အားနှင့်မမျှတသော ဝန်ထုပ်ဝန်ပိုးကို တင်တော်မမူပေ။ ၎င်းသည် မိမိဆည်းပူးခဲ့သော ကိုသိုလ်ကောင်းမှု၏ အကျိုးကို ခံစားရလတ္တံ့။ ထိုနည်းတူ မိမိပြုကျင့်ခဲ့သော အကုသိုလ်မကောင်းမှု၏ အပြစ်ဒုက္ခကိုလည်း ခံစားရလတ္တံ့။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ အကျွန်ုပ်တို့အား မိမိတို့မေ့လျော့ခြင်းကြောင့် သော်လည်းကောင်း၊ မှားယွင်းခြင်းကြောင့်သော်လည်းကောင်း၊ အပြစ်ဒဏ်ခတ်တော်မမူပါလင့်။ မှားယွင်းခြင်းကြောင့်သော်လည်းကောင်း၊ အပြစ်ဒဏ်ခတ်တော်မမူပါလင့်။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ ရှေးလူဟောင်းများအပေါ်၌ ကြီးလေးသောဝန်ထုတ်ဝန်ပိုးကြီးကို တင်တော်မူသကဲ့သို့ အကျွန်ုပ်အပေါ်၌ မိမိတို့အင်အားနှင့်မမျှတသောဝန်ထုပ်ကိုတင်တော်မမူပါလင့်။ အကျွန်ုပ်တို့၏ အပြစ်များကို ချေဖျက်တော်မူပါ။ အကျွန်ုပ်တို့ကို အပြစ်လွှတ်တော်မူပါ။ အကျွန်ုပ်အား ကောင်းချီး မင်္ဂလာ ပေးသနားတော်မူပါ။ အရှင်သည် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသော အရှင် ဖြစ်တော် မူ၏။ အကျွန်ုပ်တို့အား အောင်စေတော်မူပါ။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးတော်မမူချေ။ မိမိကိုယ်တိုင် ရှာဖွေဆည်းပူးပြုလုပ်ခဲ့သော(ကောင်းမှု၏ အကျိုးသည်) သာလျှင် ထိုသူ၏အဖို့ဖြစ်၍၊ မိမိကိုယ်တိုင် ရှာဖွေဆည်းပူး ပြုကျင့်ခဲ့သော (မကောင်းမှု၏အပြစ်သည်) သာလျှင် ထိုသူ၏အပေါ်၌တင်ရှိအံ့။(အသင်တို့သည် အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ဆုတောင်းပတ္ထနာ ပြုကြကုန်) အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင်၊ ကျွန်တော် မျိုးတို့မေ့လျော့၍ဖြစ်စေ၊မှားယွင်း ချွတ်ချော်၍ဖြစ်စေ (ပြုမိသော မကောင်းမှုနှင့်စပ်လျဉ်း၍) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ထို့ပြင်တဝ အို-ကျွန်တော်မျိုးတို့အား မွေးမြူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အလျင် ရှေးအထက်အဆက်ဆက်က လူမျိုးတို့အပေါ်၌ တင်ထားတော်မူသကဲ့သို့ ကျွန်တော်မျိုးတို့ အပေါ်၌ လေးလံသောဝန်ကို တင်တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ မတတ်စွမ်းနိုင်သောတာဝန်ကိုလည်း အရှင်မြတ် သည် ကျွန်တော်မျိုးတို့အားထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (ပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည်ထက်ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။ သူကိုယ်တိုင် ရှာ‌ဖွေဆည်းပူးခဲ့သည့် (‌ကောင်းသည့်)အရာများသည် သူ့အတွက်ပင်ဖြစ်ပြီး သူကိုယ်တိုင် ရှာ‌ဖွေဆည်းပူးခဲ့သည့် (မ‌ကောင်းသည့်)အရာများသည်လည်း သူ၏အ‌ပေါ်၌ပင်တင်ရှိမည်ဖြစ်သည်။ (အသင်တို့သည် အရှင်မြတ်ထံတွင် ဤကဲ့သို့ ဆု‌တောင်းကြပါ။) “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့သည် ‌မေ့‌လျော့ပြီး သို့မဟုတ် မှားယွင်းချွတ်‌ချော်ပြီး (ပြုမိခဲ့သည့် မ‌ကောင်းမှုများနှင့် ပတ်သက်၍) အရှင်မြတ်သည် ကျွန်ုပ်တို့အား ဖမ်းဆီးအ‌ရေးယူ‌တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့မတိုင်မီ ယခင်က သူများအ‌ပေါ်တွင် ‌လေးလံသည့်ဝန်ကို တင်ထားသကဲ့သို့ ကျွန်ုပ်တို့အ‌ပေါ်တွင် တင်‌တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့ မတတ်စွမ်းနိုင်သည့်တာဝန်များကိုလည်း ကျွန်ုပ်တို့အား ထမ်း‌ဆောင်‌စေ‌တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်‌တော်မူပါ။ ထို့‌နောက် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနား‌တော်မူပါ။ အရှင်မြတ်သာ ကျွန်‌တော်တို့၏ အ‌ရေးကိစ္စများကို စီမံခန့်ခွဲ‌ပေးသည့်အရှင်သခင် ဖြစ်‌တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်တွင် (‌အောင်နိုင်ရန်) ကူညီ‌တော်မူပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek