×

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ သင်တို့၏စိတ်နှလုံးများ၌ (ကြိုတင်ကြံစည်၍ ရည်ရွယ်လျှက် ယင်းကို လူသိရှင်ကြား) ထုတ်ဖော်ဖွင့်ချသည်ဖြစ်စေ 2:284 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:284) ayat 284 in Burmese

2:284 Surah Al-Baqarah ayat 284 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 284 - البَقَرَة - Page - Juz 3

﴿لِّلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَإِن تُبۡدُواْ مَا فِيٓ أَنفُسِكُمۡ أَوۡ تُخۡفُوهُ يُحَاسِبۡكُم بِهِ ٱللَّهُۖ فَيَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴾
[البَقَرَة: 284]

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ သင်တို့၏စိတ်နှလုံးများ၌ (ကြိုတင်ကြံစည်၍ ရည်ရွယ်လျှက် ယင်းကို လူသိရှင်ကြား) ထုတ်ဖော်ဖွင့်ချသည်ဖြစ်စေ သို့တည်းမဟုတ် လျှို့ဝှက်ထိန်ချန်ထားသည်ဖြစ်စေယင်း (တို့) နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်က သင်တို့အား စစ်ဆေးမေးမြန်းပြီး စီရင်တော်မူလိမ့်မည်။ အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပြီး အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူမည်။

❮ Previous Next ❯

ترجمة: لله ما في السموات وما في الأرض وإن تبدوا ما في أنفسكم, باللغة البورمية

﴿لله ما في السموات وما في الأرض وإن تبدوا ما في أنفسكم﴾ [البَقَرَة: 284]

Ba Sein
၂၈၄။ မိုးကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သည် စိုးပိုင်တော်မူ၏။ သင်တို့သည် မိမိတို့ စိတ်နှလုံးအတွင်းရှိသည်တို့ကို ထုတ်ဖော်ပြောပြသော်လည်းကောင်း၊ ထိမ်ဝှက် ထားသော်လည်းကောင်း အလ္လာဟ်အရှင်မြတ်သည် သင့်တို့အားထိုအကြောင်းအရာများကို စစ်ကြော စီရင်တော်မူမည်။ အပြစ်ဒဏ်ခတ်လိုတော်မူသောသူကို အပြစ်ဒဏ်ခတ်တော်မူမည်။ အလ္လာဟ် အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ဝယ်ရှိသော (သက်ရှိ၊သက်မဲ့) အရာဝတ္တုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသော အရာဝတ္တုများပင်တည်း။ ထို့ပြင်တဝ အသင်တို့သည် မိမိတို့ စိတ်တွင်းဝယ်ရှိလေသော အကြောင်းအရာများကို ထင်ရှားစွာ ပြုလုပ်ပြောဆိုကြသည်ဖြစ်စေ၊ ထိမ်ချန်လျှို့ဝှက် ထားကြသည်ဖြစ်စေ၊အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းအရာများကိုအသင်တို့အား စစ်ဆေးမေးမြန်းတော်မူအံ့၊ ထို့နောက်ထိုအလ္လာဟ်အရှင် မြတ်သည် မိမိနှစ်လိုတော်မူသောသူတို့ အား(အပြစ်များ မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူ၍ မိမိအလိုရှိသောသူတို့ကို အပြစ်ဒဏ်ပေးတော်မူအံ့၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
မိုး‌ကောင်းကင်များနှင့် ‌မြေ‌ပေါ်တွင်ရှိသမျှအရာများအားလုံးသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်သည့်အရာများဖြစ်သည်။ အသင်တို့သည် အသင်တို့စိတ်များထဲတွင် ရှိသည်များကို ထုတ်‌ဖော်၍‌ပြောသည်ဖြစ်‌စေ၊ လျှို့ဝှက်၍ထားသည်ဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍ အသင်တို့အား စစ်‌ဆေး‌မေးမြန်း‌တော်မူမည်။*ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသည်မူ‌သောသူကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပြီး မိမိအလိုရှိ‌တော်မူ‌သောသူကို အပြစ်ဒဏ်‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek