×

သို့ရာတွင် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်ငါအရှင့်အာယသ်သက်သေ လက္ခဏာတော်များ (၌ဖော်ပြထားသည့် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်ခြင်း၊ အရှင့်ထံသို့သာ စုရုံးစေတော်မူမည်ဖြစ်ခြင်း၊ အခြားယုံကြည်မှုသစ္စာတရားမဏ္ဌိုင်များကို 2:39 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:39) ayat 39 in Burmese

2:39 Surah Al-Baqarah ayat 39 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 39 - البَقَرَة - Page - Juz 1

﴿وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴾
[البَقَرَة: 39]

သို့ရာတွင် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်ငါအရှင့်အာယသ်သက်သေ လက္ခဏာတော်များ (၌ဖော်ပြထားသည့် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်ခြင်း၊ အရှင့်ထံသို့သာ စုရုံးစေတော်မူမည်ဖြစ်ခြင်း၊ အခြားယုံကြည်မှုသစ္စာတရားမဏ္ဌိုင်များကို ယုံကြည်ခြင်း စသည်တို့ကို သူတို့၏အတွင်း အပြင်လောက နှစ်ခုစလုံး၌ ထင်ရှားစေရုံသာမက အရှင့်လမ်းညွှန်ဖြစ်သည်ကိုလည်း ထင်ရှားစွာ ရှင်းလင်းဖော် ပြတော်မူသည့်တိုင်အောင် ယင်းတို့) ကို ဖီဆန်ငြင်းပယ်သည့်သူများသည် ငရဲမီး၏အဖော်များ ဖြစ်ကြပြီး ယင်း (ငရဲဘုံ) တွင် ကာလအကန့်အသတ်မဲ့ နေကြရမည့်သူများပင် ဖြစ်ကြသည်။

❮ Previous Next ❯

ترجمة: والذين كفروا وكذبوا بآياتنا أولئك أصحاب النار هم فيها خالدون, باللغة البورمية

﴿والذين كفروا وكذبوا بآياتنا أولئك أصحاب النار هم فيها خالدون﴾ [البَقَرَة: 39]

Ba Sein
၃၉။ သို့သော် အကြင်သူတို့သည် မယုံကြည်ကြ။ ငါအရှင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ကြ၏။ ထိုသူတို့သည် ငရဲပြည်ကို တရားသဖြင့် ပိုင်သူများဖြစ်ကြ၏။ သူတို့သည် ငရဲပြည်၌ နေကြရမည်။
Ghazi Mohammad Hashim
သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါ့အား) ငြင်းပယ်သူများကား ငရဲသားများ ဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူ သစ္စာကတိကို အတည်ပြုတော်မူအံ့၊ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ ရိုသေ ကြကုန်လော့။
Hashim Tin Myint
ထို့ပြင် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြပြီး ငါအရှင်မြတ်၏တရား‌တော်များကို မဟုတ်မမှန်ဟု လိမ်လည်‌ပြောဆိုခဲ့ကြသည်၊ ထိုသူများသည် ငရဲသားများပင်ဖြစ်ကြသည်။ သူတို့သည် ထိုငရဲထဲတွင် အမြဲထာဝစဉ်‌နေကြရမည့်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek