Quran with Burmese translation - Surah Al-Baqarah ayat 38 - البَقَرَة - Page - Juz 1
﴿قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعٗاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴾
[البَقَرَة: 38]
﴿قلنا اهبطوا منها جميعا فإما يأتينكم مني هدى فمن تبع هداي فلا﴾ [البَقَرَة: 38]
Ba Sein ၃၈။ ငါအရှင်က အေ အာဒမ် သင်တို့အားလုံး ဥယျာဉ်တော်မှ ယခုချက်ချင်း ဆင်းသွားကြလော့။ သို့သော် ငါ့ထံမှ သင်တို့ထံသို့ လမ်းညွှန်အမှန်ပင်ကျလာလတ္တံ့။ အကြင်သူတို့သည် ငါ၏လမ်းညွှန်ကို လိုက်ကြအ့ံ။ ထိုသူတို့အပေါ်သို့ စိုးရိမ်ကြောင့်ကြခြင်းကျမည်မဟုတ် သူတို့သည် ပူဆွေးကြရမည် လည်း မဟုတ်ပေ။ |
Ghazi Mohammad Hashim အာဒမ်(အ)နှင့် ကြင်ယာတော် ဟောင်ဝါတို့အား] ငါအရှင်မိန့်ကြားတော်မူသည်မှာ (ယခု) အသင်တို့အားလုံးသည် ဤဂျန္နတ် အမတသုခဘုံမှ ဆင်းသက်သွားကြကုန်၊ နောင်သောအခါကာလ၌ အကယ်၍ ငါ၏အထံတော်မှ တရားဒေသနာများ ကျရောက်လာလျှင် (ကျရောက်မည်လည်းမုချပင်) သို့ငါအရှင် ချမှတ်ပေးအပ်တော်မူသော တရား ဒေသနာတော်တို့ကို အကြင်မည်သူမဆို နာယူ ကျင့်မူပါကထိုကဲ့သို့သော (သူတော်စင် သူတော်မြတ်)တို့သည် စိုးရိမ်ကြောင့်ကြရမည်လည်းမဟုတ်၊ ပူဆွေးကြရမည်လည်းမဟုတ်။ |
Hashim Tin Myint ငါအရှင်မြတ် မိန့်ကြားတော်မူခဲ့သည်။ အသင်တို့အားလုံး ဤဂျန္နသ်သုခဘုံမှ ဆင်းသွားလိုက်ကြပါ။ ထို့နောက် အကယ်၍ အသင်တို့ထံသို့ ငါအရှင်မြတ်ထံမှ တရားလမ်းညွှန်မှု အမှန်မုချ ကျရောက်လာလျှင် မည်သူမဆို ငါအရှင်မြတ်၏လမ်းညွှန်မှုကို လိုက်နာပါမူ ထိုသူများအပေါ်၌ စိုးရိမ်ကြောက်ရွံ့စရာလည်း ရှိမည်မဟုတ်သည့်အပြင် သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေ။ |