Quran with Burmese translation - Surah Al-Baqarah ayat 71 - البَقَرَة - Page - Juz 1
﴿قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٞ لَّا ذَلُولٞ تُثِيرُ ٱلۡأَرۡضَ وَلَا تَسۡقِي ٱلۡحَرۡثَ مُسَلَّمَةٞ لَّا شِيَةَ فِيهَاۚ قَالُواْ ٱلۡـَٰٔنَ جِئۡتَ بِٱلۡحَقِّۚ فَذَبَحُوهَا وَمَا كَادُواْ يَفۡعَلُونَ ﴾
[البَقَرَة: 71]
﴿قال إنه يقول إنها بقرة لا ذلول تثير الأرض ولا تسقي الحرث﴾ [البَقَرَة: 71]
Ba Sein ၇၁။ ထိုအခါ တမန်တော်မူဆာသည် မှတ်သားကြလော့။ ထိုနွားမသည် ထမ်းပိုးတင်ပြီးသောနွားမလည်း မဟုတ်၊ ထွန်နွားလည်းမဟုတ်၊ လယ်ရေသွင်းရသော နွားမလည်းမဟုတ်။ ကျမ်းမာဝဖြိုး အရောင် ကွက်ကြားခြင်းမရှိသော နွားမဖြစ်၏ဟူ၍ ဗျာဒိတ်တော်လာ၏ဟု ပြန်ဖြေ၏။ ထိုအခါ သူတို့က ယခုပင် အမှန်ကိုဆို၏ဟုပြောကြားပြီးလျှင် နွားမကို လှီးသတ်ကြ၏။ သို့သော် သူတို့၌ ယင်းသို့ ပြုလုပ်လိုသော ဆန္ဒအလျင်းမရှိကြပေ။ |
Ghazi Mohammad Hashim ထိုအခါ နဗီတမန်တော်မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) အလ္လာဟ် အရှင်မြတ်က (ဤကဲ့သို့) မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ် ယင်းနွားမသည်လယ်မြေ၌ ပင်ပန်းစွာ စေစားခြင်း၊ ထွန်ယက်ဘူးခြင်းသော်လည်းကောင်း၊(ထွန်ယက် ပြီးသော) လယ်ယာမြေများထဲသို့ ရေသွင်းပေးဘူးခြင်း သော်လည်းကောင်း မရှိစေရ၊ ထို့ပြင်မှဲ့စွန်းခြင်း၊ ကွက်ကျားခြင်း (အစရှိသော ချို့တဲ့ခြင်းအပေါင်းတို့) မှလည်း ကင်းစင်သော နွားမ ဖြစ်ရမည်ဟုဖြေကြားလေသည်။ (ယင်းကဲ့သို့ အဖြေများကို ရရှိသော အခါ) ထိုသူတို့က (အို-နဗီတမန်တော် မူစာ) ယခုမှသာလျှင် အသင်သည်ဤကိစ္စကို (အကျွန်ုပ်တို့အား) မှန်ကန်စွာ ရှင်းလင်းဖော်ပြညွှန်ကြား ပြသလေပြီ (ဟု ဝန်ခံကြပြီးနောက် ထိုကဲ့သို့သောနွားမတစ်ကောင်ကို လိုက်လံရှာဖွေ၍ အရှင်မြတ်၏ နာမံတော်ဖြင့်) သတ်ဖြတ်ကြကုန်၏။ သို့သော် စင်စစ် ထိုသူတို့သည်(ထိုအမိန့်တော်ကို) လိုက်နာပြုလုပ်ချင်ဟန် မရှိခဲ့ကြချေ။ |
Hashim Tin Myint ၎င်း(တမန်တော်မူစာ)ကပြောခဲ့သည်- အမှန်ပင် အရှင်မြတ်က အမိန့်ရှိတော်မူသည်- အမှန်မုချ ထိုနွားမသည် လယ်မြေ၌ထွန်ယက်သည့်ခိုင်းနွားမျိုးလည်းမဟုတ်ပေ၊ (ရေတွင်းမှ ရေသယ်၍) လယ်ယာမြေထဲသို့ ရေသွင်းသည့်နွားမျိုးလည်းမဟုတ်ပေ။ အပြစ်ကင်းစင်ပြီး ၎င်းထဲ၌ မှည့်အစွန်းအထင်း အရောင်ရောခြင်းလည်းမရှိသည့် နွားမမျိုးဖြစ်သည်။ (ထိုအခါ)သူတို့က ပြောခဲ့ကြသည်- ယခုမှပင် အသင်(တမန်တော်)သည် မှန်ကန်ရှင်းလင်းစွာ ဖော်ပြလိုက်သည်။ ၎င်းနောက် သူတို့သည် (ထိုအမိန့်ကို)လိုက်နာရန် နီးစပ်မှုမရှိခဲ့ကြပါဘဲလျက် (မတတ်သာသည့်အဆုံး)* နွားမကို ဇဗဟ်လုပ် လှီးဖြတ်ခဲ့လိုက်ကြသည်။ |