Quran with Burmese translation - Surah Al-Baqarah ayat 70 - البَقَرَة - Page - Juz 1
﴿قَالُواْ ٱدۡعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَ إِنَّ ٱلۡبَقَرَ تَشَٰبَهَ عَلَيۡنَا وَإِنَّآ إِن شَآءَ ٱللَّهُ لَمُهۡتَدُونَ ﴾
[البَقَرَة: 70]
﴿قالوا ادع لنا ربك يبين لنا ما هي إن البقر تشابه علينا﴾ [البَقَرَة: 70]
Ba Sein ၇ဝ။ တဖန် သူတို့က အဘယ်နွားမဖြစ်သည်ကို မိန့်တော်မူရန် သင်၏အရှင်သခင်ထံ တောင်းပန်ပါလေ။ နွားမများသည် အတူတူပင်ဖြစ်သည်ဟု အကျွန်ုပ်တို့ထင်ကြ၏။ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါ လျှင် အကျွန်ုပ်တို့အား လမ်းမှန်ကို ပို့သတော်မူမည်ဟုဆိုကြ၏။ |
Ghazi Mohammad Hashim ယင်းသူတို့က (ထပ်မံ၍) ပြောဆိုကြသည်မှာ(အို-နဗီတမန်တော်မူစာ) ကျွန်တော်မျိုးတို့၏ မျက်မြင်တွင်မူ နွားများသည် ရုပ်ဆင်းသဏ္ဌာန်အရာ၌ (တစ်ကောင်နှင့်တစ်ကောင်) ဆင်တူရိုးမှား ဖြစ်နေကြသဖြင့် ကျွန်တော်များ အဖို့ထိုနွားမသည် အဘယ်ကဲ့သို့သော (ကြန်အင်လက္ခဏာ) ရှိသည်ကို ရှင်းလင်း ဖော်ပြပေးသနားတော်မူပါရန် အသင့်ကို မွေးမြူတော်မူသော အရှင့်အထံတော်၌ ဆုတောင်း ပတ္တနာပြုပေးတော်မူပါဦး၊ အကယ်၍သာ အလ္လာဟ် အရှင်မြတ်၏အလိုတော်ရှိခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည်(ထိုနွားမကိုရှာဖွေရာ၌) နည်းမှန်လမ်းမှန်ကို ဧကန်မလွဲ တွေ့ရှိ သောသူများ ဖြစ်ကြပါအံ့။ |
Hashim Tin Myint သူတို့က(ထပ်မံ) ပြောဆိုခဲ့ကြသည်၊ (အို-တမန်တော်မူစာ)အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် ထိုနွားမသည် မည်သို့နွားမမျိုးဖြစ်သည်ကို ရှင်းလင်းဖော်ပြရန် တောင်းခံပေးပါ။ အမှန်ပင် နွားများသည် ကျွန်ုပ်တို့အမြင်တွင် ရုပ်ဆင်းသဏ္ဍာန် ဆင်တူယိုးမှားဖြစ်နေသည့်အတွက်ကြောင့်ဖြစ်ပါသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် လမ်းမှန်ကို အမှန်ပင် တွေ့သူများဖြစ်ကြပါလိမ့်မည်။ |