×

အလ္လာဟ်အရှင်မြတ်နှင့်ယုံကြည်သူတို့ကို လှည့်စားလိုကြသော ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် 2:9 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:9) ayat 9 in Burmese

2:9 Surah Al-Baqarah ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 9 - البَقَرَة - Page - Juz 1

﴿يُخَٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُواْ وَمَا يَخۡدَعُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ﴾
[البَقَرَة: 9]

အလ္လာဟ်အရှင်မြတ်နှင့်ယုံကြည်သူတို့ကို လှည့်စားလိုကြသော ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုအတိုင်း အသုံးချ၍ သူတို့ကိုယ်သူတို့သာ (အစွဲအလန်းများဖြင့်) လှည့်စားနေကြ၏၊ သို့သော် သူတို့သည်ကား သတိမမူနိုင်ကြပေ။

❮ Previous Next ❯

ترجمة: يخادعون الله والذين آمنوا وما يخدعون إلا أنفسهم وما يشعرون, باللغة البورمية

﴿يخادعون الله والذين آمنوا وما يخدعون إلا أنفسهم وما يشعرون﴾ [البَقَرَة: 9]

Ba Sein
၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယုံကြည်သူတို့အား လိမ်လည်လှည့်ဖြားသည်ဟုထင်ကြ၏။ သို့သော် သူတို့သည် မိမိကိုယ်မှတပါး မည်သူကိုမှ မလှည့်စားကြပေ။ သူတို့သည် အသိအမြင် ခေါင်းပါးကြ၏။
Ghazi Mohammad Hashim
ထို(မုအ်မင်အသွင်ဆောင်သော) သူများသည်အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ (ယုံကြည်ခြင်း သဒ္ဓါတရား ရှိသော) မုအ်မင်များကို လည်းကောင်း၊ လိမ်လည် လှည့်ဖြားရန် ကြိုးစား အားထုတ်ကြ၏။ အမှန်သော်ကား ထိုသူများသည် (မည်သူ့ကိုမျှ) လိမ်လည် လှည့်ဖြားကြသည်မဟုတ်၊ မိမိတို့ကိုယ် ကိုသာလျှင် မိမိတို့ လိမ်လည်လှည့်ဖြားကြ၏။ သို့သော် ထိုသူများသည် (ဤသည်ကိုပင်) သိမြင်နားလည်ကြသည် မဟုတ်ချေ။
Hashim Tin Myint
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အီမာန် ယုံကြည်သူများကို လှည့်စားကြသည်။ ထို့ပြင်(အမှန်စင်စစ်) သူတို့သည် သူတို့ကိုယ်ကို သူတို့ကလွဲ၍ မည်သူ့ကိုမျှလည်း လှည့်စား‌နေကြသည်မဟုတ်‌ပေ။ ဤသည်ကိုလည်း သူတို့ အသိမရှိကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek