×

(နောက်ဆုံးတွင် ဖါရိုမင်း၏အကြံပေးပုဂ္ဂိုလ်အချို့က သူတို့စုရုံးစေသည့် မှော်ဆရာများအနားသို့ ချဉ်းကပ် ၍ တမန်တော်မူဆာတို့ဘက် ညွှန်ပြလျက်) ဤပုဂ္ဂိုလ်နှစ်ဦးသည် အမှန်ပင် မှော်ဆရာနှစ်ဦး ဖြစ်ကြပြီး 20:63 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:63) ayat 63 in Burmese

20:63 Surah Ta-Ha ayat 63 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 63 - طه - Page - Juz 16

﴿قَالُوٓاْ إِنۡ هَٰذَٰنِ لَسَٰحِرَٰنِ يُرِيدَانِ أَن يُخۡرِجَاكُم مِّنۡ أَرۡضِكُم بِسِحۡرِهِمَا وَيَذۡهَبَا بِطَرِيقَتِكُمُ ٱلۡمُثۡلَىٰ ﴾
[طه: 63]

(နောက်ဆုံးတွင် ဖါရိုမင်း၏အကြံပေးပုဂ္ဂိုလ်အချို့က သူတို့စုရုံးစေသည့် မှော်ဆရာများအနားသို့ ချဉ်းကပ် ၍ တမန်တော်မူဆာတို့ဘက် ညွှန်ပြလျက်) ဤပုဂ္ဂိုလ်နှစ်ဦးသည် အမှန်ပင် မှော်ဆရာနှစ်ဦး ဖြစ်ကြပြီး သင်တို့ကို သူတို့နှစ်ဦး၏မှော်အတတ်ပညာဖြင့် သင်တို့၏နယ်မြေဒေသမှ နှင်ထုတ်ကြရန် ရည်ရွယ်ကြသည့်အပြင် သင်တို့၏စံနမူနာယူဖွယ်ရာ လမ်းစဉ် (ဘဝနည်းနာနိဿယ) ကိုလည်း သုတ် သင်ဖယ်ရှားလိုကြ၏။

❮ Previous Next ❯

ترجمة: قالوا إن هذان لساحران يريدان أن يخرجاكم من أرضكم بسحرهما ويذهبا بطريقتكم, باللغة البورمية

﴿قالوا إن هذان لساحران يريدان أن يخرجاكم من أرضكم بسحرهما ويذهبا بطريقتكم﴾ [طه: 63]

Ba Sein
၆၃။ သူတို့က မှတ်သားကြလော့၊ ဤသူနှစ်ယောက်သည်ကား ပဥ္စလက်ဆရာများဖြစ်ကြ၏။ သူတို့သည် ၎င်းတို့၏ ဝိဇ္ဇာအတတ်အားဖြင့် သင်တို့တိုင်းပြည်မှ နှင်ထုတ်၍ သင်တို့၏ရိုးရာထုံးတမ်းစဉ်လာကောင်းများကို ဖျက်ဆီးပစ် လိုကြ၏။
Ghazi Mohammad Hashim
(နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ပဉ္စလက်အတတ်ဖြင့် အသင်တို့အားအသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်လည်းကောင်း၊ အသင်တို့၏ ကောင်းမွန် မြင့်မြတ်လှစွာသော(ဘာသာအယူဝါဒ) ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ကြရန်လည်းကောင်း၊ ကြံရွယ်ကြကုန်၏။
Hashim Tin Myint
သူတို့က ‌ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ဤနှစ်ဦးသည် ‌မှော်ဆရာနှစ်ဦးပင်ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏‌မှော်အတတ်နှင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်အတွက်နှင့် အသင်တို့၏‌ကောင်းမွန်သည့် ယဉ်‌ကျေးမှု(အယူဝါဒ)ကို ဖျက်ဆီးရန်အတွက် ကြံရွယ်ကြခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek