Quran with Burmese translation - Surah Ta-Ha ayat 64 - طه - Page - Juz 16
﴿فَأَجۡمِعُواْ كَيۡدَكُمۡ ثُمَّ ٱئۡتُواْ صَفّٗاۚ وَقَدۡ أَفۡلَحَ ٱلۡيَوۡمَ مَنِ ٱسۡتَعۡلَىٰ ﴾
[طه: 64]
﴿فأجمعوا كيدكم ثم ائتوا صفا وقد أفلح اليوم من استعلى﴾ [طه: 64]
Ba Sein ၆၄။ ထို့ကြောင့်သင်တို့သည် အကြံအစည်ထုတ်ပြီးလျှင် ပြိုင်ပွဲကို လာကြလော့၊ ယနေ့သင်တို့အနက် အကြင်သူသည် ထိုသူနှစ်ဦးကို နိုင်အံ့၊ ထိုသူသည် အမှန်ပင် အောင်မြင်လိမ့်မည်ဟု ပြောဆို၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ကြံစည်ချက်များကိုစုဆောင်းပြီးလျှင် စီတန်း၍လာကြလေကုန်။ အကြောင်းမူကား ယနေ့အနိုင်ရသော သူသည်သာလျှင် စင်စစ် အောင်မြင်သောသူဖြစ်အမှန်ဖြစ်အံ့သတည်းဟု ဆိုကြလေ၏။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏ အကြံအစည်များကို စုဆောင်းပြီး တန်းစီလာကြပါ။ ထို့ပြင် အမှန်စင်စစ် ယနေ့မူ အနိုင်ရမည့်သူသာ အောင်မြင်မည်ဖြစ်သည်။ |