×

(နိဂုံးချုပ်အနေဖြင့်) တမန်တော်မြတ် မိန့်ကြားခဲ့သည်မှာ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ကျွန်ုပ်နှင့်မယုံကြည်သူများကြားဝယ်) အမှန်တရားသစ္စာဖြင့်သာ စီရင်ဆုံးဖြတ်စေတော်မူပါ။ စင်စစ် ကျွန်ုပ်တို့အား 21:112 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:112) ayat 112 in Burmese

21:112 Surah Al-Anbiya’ ayat 112 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 112 - الأنبيَاء - Page - Juz 17

﴿قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ﴾
[الأنبيَاء: 112]

(နိဂုံးချုပ်အနေဖြင့်) တမန်တော်မြတ် မိန့်ကြားခဲ့သည်မှာ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ကျွန်ုပ်နှင့်မယုံကြည်သူများကြားဝယ်) အမှန်တရားသစ္စာဖြင့်သာ စီရင်ဆုံးဖြတ်စေတော်မူပါ။ စင်စစ် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည်သာ အနန္တကရုဏာတော်ရှင်၊ အသင်တို့ မှားယွင်းစွာပုံဖော် (၍ ဂုဏ်တင်လျက် ယုံကြည်ကိုးကွယ်) နေကြသောအရာများနှင့်ဆန့်ကျင်၍ ကူညီစောင်မမှုကို တောင်းခံရသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قال رب احكم ‎ بالحق وربنا الرحمن المستعان على ما تصفون, باللغة البورمية

﴿قال رب احكم ‎ بالحق وربنا الرحمن المستعان على ما تصفون﴾ [الأنبيَاء: 112]

Ba Sein
၁၁၂။ တမန်တော်တင်လျှောက်သည်မှာ အို--အကျွနု်ပ်၏အရှင်သခင်၊ အရှင်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော် မူပါ၊ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်သည် မဟာဂရုဏာတော်အရှင်ဖြစ်တော်မူ၏၊ သင်တို့သည် အရှင်မြတ် အား မတရားစွပ်စွဲကြ၏၊ ထိုစွပ်စွဲချက်များကို ဖယ်ရှားရန် အရှင်မြတ်၏ စောင့်ရှောက်ခြင်းကျေးဇူးတော်ကို ဆုတောင်းရသည်သာတည်း။
Ghazi Mohammad Hashim
(နဗီတမန်တော်မြတ်သည် ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ စင်စစ်ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "ရဟ်မာန်" အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် အသင်တို့ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာ များနှင့်စပ်လျဉ်း၍ အကူအညီတောင်းခြင်းကို ခံရတော် မူသောအရှင်လည်း ဖြစ်တော်မူပေသတည်း
Hashim Tin Myint
၎င်း(တမန်‌တော်မြတ်)က ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌ပေး‌တော်မူပါ၊* ထို့ပြင် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၊ အသင်တို့ ထုတ်‌ဖော်‌ပြောဆိုကြ‌သော အ‌ကြောင်းအရာနှင့်ပတ်သက်၍ အကူအညီ‌တောင်းသည်ကို ခံရ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek