Quran with Burmese translation - Surah Al-Anbiya’ ayat 36 - الأنبيَاء - Page - Juz 17
﴿وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓاْ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي يَذۡكُرُ ءَالِهَتَكُمۡ وَهُم بِذِكۡرِ ٱلرَّحۡمَٰنِ هُمۡ كَٰفِرُونَ ﴾
[الأنبيَاء: 36]
﴿وإذا رآك الذين كفروا إن يتخذونك إلا هزوا أهذا الذي يذكر آلهتكم﴾ [الأنبيَاء: 36]
Ba Sein ၃၆။ မယုံကြည်သူမိစ္ဆာမိုက်တို့သည် သင်တမန်တော်ကို တွေ့မြင်သောအခါ သင့်ကို ပြောင်လှောင်စရာမှတ်၍ ဤသို့ပြောဆိုကြ၏၊ အဆွေတို့ သင်တို့၏ ဘုရားများအကြောင်းကို ပြောဟောသူသည် ဤသူမဟုတ်ချေလော၊ ထို့အပြင်သူတို့သည် မဟာဂရုဏာတော်အရှင်အကြောင်းကို ဟောပြောခွင့်လုံးဝမပြုချေ။ |
Ghazi Mohammad Hashim ၄င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည် အသင့်အား မြင်ကြသောအခါ ပြက်ရယ် ပြောင်လှောင်သမှုပြုကြ၏။ အသင်တို့၏ကိုးကွယ်ရာဘုရားများကို(ကဲ့ရဲ့) ပြောဆိုသူသည် ဤသူပင်လော။ စင်စစ်သော်ကား ၄င်းတို့သည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်နှင့် ပတ်သက်၍ ပြောဆိုခြင်းကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် အသင့်အား မြင်ကြသည့်အခါ သူတို့သည် အသင့်အား ပြောင်လှောင်မှုပြုကြသည်။ သူတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်နှင့်ပတ်သက်၍ ပြောဆိုသည်ကိုပင် ငြင်းပယ်သူများဖြစ်ကြလျက် “အသင်တို့၏ ကိုးကွယ်ရာ အရှင်သခင်များကို (ကဲ့ရဲ့)ပြောဆိုသူသည် ဤသူလော“(ဟု အချင်းချင်းပြောဆိုကြသည်)။ |