Quran with Burmese translation - Surah Al-Anbiya’ ayat 41 - الأنبيَاء - Page - Juz 17
﴿وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴾
[الأنبيَاء: 41]
﴿ولقد استهزئ برسل من قبلك فحاق بالذين سخروا منهم ما كانوا به﴾ [الأنبيَاء: 41]
Ba Sein ၄၁။ အို--တမန်တော်၊ သင့်အလျင်ပွင့်ခဲ့ကြသောတမန်တော်တို့သည်လည်း မုချဧကန်ပြောင်လှောင်ခြင်းကို ခံရ လေ၏၊ သို့သော်သူတို့ကို မထီလေးစားပြုသောသူတို့အား ၎င်းတို့၏ပျက်ချော်မှုများက ဝိုင်းဝန်းထားကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် မချွတ်ဧကန် အသင့်အလျင်လည်း ရစူလ်တမန်တော်များသည် ပြက်ရယ်သမှုပြုခြင်းကို ခံခဲ့ကြရလေ၏။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များအား ပြက်ရယ်သမှု ပြုကြသူတို့အား ထိုပြက်ရယ် သမှုပြုခြင်း၏ ပြစ်ဒဏ်သည်ဝိုင်းဝန်းခဲ့လေသည်။ |
Hashim Tin Myint ထို့ပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်တော်များသည်လည်း ပြောင်လှောင်မှုကို ခံခဲ့ကြရသည်။ သို့ဖြစ်ရာ ထိုတမန်တော်များအား ပြောင်လှောင်သူများကို ထိုပြောင်လှောင်မှု၏ပြစ်ဒဏ်က ဝိုင်းရံခဲ့သည်။ |