Quran with Burmese translation - Surah Al-Anbiya’ ayat 40 - الأنبيَاء - Page - Juz 17
﴿بَلۡ تَأۡتِيهِم بَغۡتَةٗ فَتَبۡهَتُهُمۡ فَلَا يَسۡتَطِيعُونَ رَدَّهَا وَلَا هُمۡ يُنظَرُونَ ﴾
[الأنبيَاء: 40]
﴿بل تأتيهم بغتة فتبهتهم فلا يستطيعون ردها ولا هم ينظرون﴾ [الأنبيَاء: 40]
Ba Sein ၄ဝ။ သူတို့သိကြမည်မဟုတ်ချေ၊ ဤအချိန်သည် ရုတ်တရက်ရှောင်တခင်သူတို့အပေါ်သို့ ကျရောက်လာ၍ သူတို့ကို သတိမေ့လျော့ကြက်သေသေစေ၏၊ သူတို့သည် ထိုအချိန်ကို တွန်းလှန်ဖယ်ရှားနိုင်မည်မဟုတ်ချေ၊ သူတို့၏ အပြစ်ဒဏ်ကိုလည်း ရွှေ့ဆိုင်းထားတော်မူမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim စင်စစ်မှာကား ယင်းမီးသည် ၎င်းတို့၌ ရုတ်တရက် သက်ရောက်ပြီးလျှင် ၎င်းတို့အား တွေဝေသွားစေမည် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ သည်ရွှေ့ဆိုင်းခွင့်ကိုလည်း ရရှိကြမည် မဟုတ်ပေ။ |
Hashim Tin Myint အမှန်စင်စစ် ထိုမီးသည် သူတို့ထံသို့ ရုတ်တရက်ရောက်လာပြီးလျှင် သူတို့အား တွေဝေသွားစေမည်ဖြစ်သည်။ ထို့နောက် သူတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် ဆိုင်ငံ့ခွင့်လည်း ရရှိကြမည် မဟုတ်ပေ။ |